Part -17

4.2K 237 12
                                    

Unicode

ရှောင်ကျန့်တို့အိမ်ကို ပိုင်လင်းချန်လိုက်နေတာ ဒီနေ့နဲ့ဆို ၁ ပတ် ရှိခဲ့ပြီ.......လင်းချန် ရှောင်ကျန့်အိမ်ကိုပြောင်းလာကတည်း...ရှောင်ကျန့် ရိပေါ်နဲ့စကားမပြောဖြစ်....ရှောင်ကျန့်ဘက်က တမင်စကားမပြောတာဆိုပိုမှန်လိမ့်မယ်.....လင်းချန်ကတော့...ရှောင်ကျန့်ကို ရိပေါ်မရှိတော့
အနိုင်ကျင့်တယ်.....အပြောနဲ့မဟုရင် အလုပ်နဲ့ အနိုင်ကျင့်တယ်.....ရှောင်ကျန့် သီးခံပေးခဲ့ပါတယ်.....သူ့ဗိုက်ထဲမှာလည်း ရိပေါ်ကလေးကိုလွယ်ထားရသည်မဟုလား.....ရှောင်ကျန့်ကိုယ်ချင်းစာပါတယ်...ဒါကြောင့် လင်းချန်ဘာပြောပြောသူငြိမ်ခံနေခဲ့တာပေါ့...

^^ကျွန်တော်ဒီနေ့အရမ်းပျော်တယ်...ဘာလို့လဲဆိုတော့..ဒီနေ့..ကျွန်တော့်ဗိုက်ထဲမှာရှိတဲ့ကလေးလေးက သားသားလေးလား...မီးမီးလေးလားဆိုတာသိရတော့မဲ့နေ့လေ... အရင်ရက်တွေတုန်းက ကျွန်တော်တခြားကိုယ်ဝန်ဆောင်မိခင်တွေကိုအားကျမိခဲ့တယ်.. သူ့တို့ကလေးလာပြရင် သူတို့ရဲ့ဘေးမှာ.ချစ်ရတဲ့လူပါလာကြတယ်လေ...ကျွန်တော်မှာတော့...တစ်ယောက်တည်းပေါ့.....ကျန်းချန်ကတော့ ဘာမှမဖြစ်ဘူးပြောပေမဲ့....အားငယ်စိတ်လေးတော့ဝင်မိတယ်  .အမှန်တိုင်းပြောရရင် ကျွန်တော်လေ...ပိုင်မိန်းကလေးကိုအရမ်းအားကျတာပဲ...ပိုင်မိန်းကလေးရဲ့ဗိုက်ထဲမှာ ကိုကိုကလေးရှိနေတာကြောင့်...ကိုကိုက သူ့ကိုအရမ်းဂရုစိုက်တာပဲ......အရမ်းလည်းချစ်လောက်မှာ...ကျွန်တော်သူ့ကိုမနာလိုဘူး....^^

^^ကျွန်တော် တွေးထားခဲ့တာ..ကျွန်တော့်ဗိုက်ထဲမှာကလေးလေးရှိတာကို..ကိုကို့ကိုပြောပြမယ်....
ကလေးလေးကိုကျန်းကျန်းမာမာမွေးမယ်...
ညတွေကို ကိုကိုနဲ့အတူ..အိပ်ယာပေါ်မှာဖက်အိပ်ပြီးနွေးထွေးစွာဖျက်သန်းမယ် လို့စိတ်ကူးထားခဲ့တာ...အခုတော့...အခန်းငယ်ထဲမှာ...ကျွန်တော်တစ်ယောက်တည်း နေ့နေ့ညညဖြတ်သန်းနေရတယ်.....ပိုင်မိန်းကလေးတကယ်ကံကောင်းတယ်
နေ့တိုင်းကိုကို့...ရင်ခွင်ကြီးထဲမှာအိပ်ခွင့်ရလို့...^^

"ကျွန်တော်လည်းတစ်ခါလောက်တော့ကံကောင်းချင်မိပါရဲ့မိုးနတ်မင်းကြီးရယ်.."

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now