Part - 5

3K 235 6
                                    

Unicode

"တီ...တီ...."

"ကျန်းချန်လာပြီထင်တယ်..."

ရှောင်ကျန့်လည်း အိမ်အပြင်ကိုထွက်လာလိုက်တယ်...

"ဝေ..အချစ်ကလေး"

"ကျန်းချန်အစုတ်...ငါ့ကိုအကြာကြီးပြစ်ထားပြီးမှလာခေါ်နေတယ်..."

"တောင်းပန်ပါတယ်ကွာ...ငါလည်းမဖြစ်မနေမို့သွားရလို့ပါ..."

"သွားတော့လည်းကြည့်အုံးလေ ငါ့ကိုတောင်လာမနှုတ်ဆက်ဘူး....ဟိုရောက်မှဖုန်းဆက်တယ်.."

"အဲ့အတွက်လည်းတောင်းပန်တယ်နော်..ဟုပြီလား..ငါကမင်းမဂ်လာဆောင်အတွက်အလှုပ်တွေရှုပ်နေလို့ မပြောဖြစ်ခဲ့တာပါ..ဒါနဲ့မင်းတို့ရောအဆင်ပြေရဲ့လား....."

ရှောင်ကျန့်ကျန်းချန်မေးတဲ့မေးခွန်းကို..အကြာကြီးစဥ်းစားပြီးတော့မှဖြေလိုက်တယ်..

"ပြေပါတယ်...."

ကျန်းချန်သိတာပေါ့...ရှောင်ကျန့်နဲ့သူကငယ်ငယ်ကတည်းကအတူတူကြီးပြင်းလာပြီးတစ်ယောက်အကြောင်းတစ်ယောက်သိကြတယ်..အခုရှောင်ကျန့်လိမ်ပြောလိုက်တယ်ဆိုတာသူသိတာပေါ့..

"ဒါနဲ့မင်းရောအစဥ်ပြေရဲ့လား..ဆရာဝန်လုပ်ရတာပင်ပန်းတယ်မလား..."

"အင်း....မထင်ထားလောက်အောင်ပဲ...သေလောက်အောင်ပဲ...."

"ကြိုးစားပါ...ငါလည်းကျောင်းဆက်တက်ခဲ့ရင်ကောင်းမှာပဲ..."

"ပြီးပြီးသားကိစ္စတွေမတွေးပါနဲ့တော့်..လာငါတို့အပြင်သွားမယ်...."

"အင်း...အင်း...."

ရှောင်ကျန့် ကျန်းချန်နဲ့အတူ အပြင်ကိုထွက်လာခဲ့ကြတယ်.......
.......................

"စစ်ကျွေး...နာမည်ပြောင်းဖို့ကိစ္စစီစဥ်ပြီးပြီလား"

"ဟုကဲ့ Ceo စီစဥ်ပြီးပါပြီ..ဒါပေမဲ့"

"ဒါပေမဲ့ဘာဖြစ်လဲစစ်ကျွေး..."

"ကုမ္ပဏီရဲ့တချို့ရှယ်ရာဝင်တွေကလက်မခံပါဘူး..သူတို့ကဒီကုမ္ပဏီကို..Xiao ကုမ္ပဏီအနေနဲ့ပဲထားချင်ကြတာပါ...အရင် Xiao သခင်ကြီးရဲ့
လက်အောက်ကလူတွေပါ.."

စတေးခဲ့သောနှလုံးသား(Second Chance)Où les histoires vivent. Découvrez maintenant