Second Chance(Part-5)

3.3K 243 20
                                    

Unicode

ရှောင်ကျန့် အစောကြီးထပြီးကျင်းလင်တောင်မစောင့်ပဲကျောင်းကိုလာခဲ့တယ်...

ကျောင်းထဲရောက်တော့..မဝင်သေးပဲ..ဟိုကြည့်ဒီကြည့်နဲ့သူခိုးချောင်းသလိုချောင်းနေတော့တယ်.

"ဒီမှာ.."

"အမလေး!! ရား..လန့်လိုက်တာ..မပြောမဆိုနဲ့.."

"Sorryပါဒါနဲ့ရှောင်ကျန့်မဝင်သေးပဲဘာလုပ်နေတာလဲ.."

"ဘာမှမလုပ်ပါဘူး..ဒါနဲ့မင်းကငါ့ကိုသိတယ်လား.."

"ဟင်...သိတယ်လေ..မင်းနဲ့ငါကအတန်းအတူတူပဲလေ..."

"အော်..ဟုလား.ငါသတိမထားမိခဲ့ဘူး...sorry"

"ရပါတယ်..ဖြစ်တက်ပါတယ်...ငါ့နာမည်က ဝမ်နင်...."

"အင်း...တွေ့ရတာဝမ်းသာပါတယ်ဝမ်နင်.... "

"ဒါနဲ့မင်းဘာချောင်းနေတာလဲ.."

"လူလေ.."

"ဟင်ဘယ်သူလဲ.."

"အော်...ဘယ်သူမှမဟုပါဘူး..အတန်းသွားတော့မှာမလား..လာသွားရအောင်."

"အင်း ..."

*တော်ပါသေးတယ်..ငါလာတဲ့အချိန်ဝမ်ရိပေါ်ကြီးမရောက်သေးလို့..ဟူး...*

ရှောင်ကျန့်လည်းဝမ်နင်နဲ့အတူ အတန်းထဲကိုသွားကြတော့တယ်....

ထိုအချိန်ကစပြီး....ရှောင်ကျန့်မှာသူငယ်ချင်းကကျန်းချန်အပြင်ဝမ်နင်ပါရှိသွားတော့တယ်...

ရှောင်ကျန့်တစ်ယောက်ဒီနေ့တစ်နေ့လုံးဂနာမငြိမ်ဖြစ်နေတယ် ....နေ့လယ်စာ စားချိန်တုန်းကလည်း...ကန်တင်းသွားမစားပဲအတန်းထဲမှာပဲထိုင်စားတယ်...အခုလည်း. ကျောင်းတောင်မဆင်းသေးဘူး.....စာအုပ်တွေသိမ်းပြီးနေပြီ...

"ရှောင်ကျန့်မင်းဘာဖြစ်နေတာလဲ  ကျောင်းတောင်မဆင်းသေးဘူးဖင်ရွနေတာ..ချီးပါချင်လို့လား..."

ကျန်းချန်ဘေးကနေတိုးတိုးလေးမေးလိုက်တယ်

"ဘောကို. ချီးပါပါလား...ချီးပါချင်မှတော့ အိမ်သာသွားမှာပေါ့.."

"မသိဘူးလေ မင်းကဂနာမငြိမ်ဖြစ်နေလို့..အယ်..နေပါအုံး..မင်းကဆဲတယ်..ဝိုး...အရင်ကမဆဲတဲ့ရှောင်သခင်လေးက...."

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now