Second Chance(Part-33)🔞🔞

1.9K 107 13
                                    

Unicode

ရှောင်ကျန့်မွေးနေ့ကျင်းပပြီးတာနဲ့အားလုံးကိုယ့်အိမ် ကိုကိုယ်စီပြန်ကုန်ကြတော့တယ်

ရှောင်ကျန့်လည်းအမွှာလေးတွေသိပ်ပြီး အောက်ထပ်ရိပေါ်ရှိရာကိုပြန်ဆင်းလာလိုက်တယ်

ရှောင်ကျန့် သန့်ရှင်းရေးလုပ်နေတဲ့ရိပေါ်ကိုယ်လေးကိုနောက်ကနေသိုင်းဖတ်လိုက်တော့တယ်

"အရမ်းချစ်တယ်ကိုကို"

ရိပေါ်လည်းရှောင်ကျန့်ဘက်လှည့်လာပြီးနဖူးလေးကိုညင်ညင်သာသာနမ်းလိုက်ပြီး

"ကိုကိုက ပိုချစ်တယ်"

"ကိုကို့ ကိုကျန့်ငယ်တစ်ခုပြောစရာရှိတယ်"

"ပြောလေကျန့်ငယ်"

"တကယ်လို့ ကိုကိုရှေ့မှာရှိတဲ့ကျန့်ငယ်ဟာ အရင်က ကျန့်ငယ်မဟုဘူးဆိုရင်ကိုကိုချစ်အုံးမှာလားဟင်..."

".........."

ရိပေါ်ရှောင်ကျန့်ကြောတာကိုနားမလည်၍စဥ်းစာနေတော့တယ်

"ဒီလိုလေကိုကိုရဲ့ ဥပမာ ကျန့်ငယ်က ဒီခန္ဓာကိုယ်ကြီးထဲကို Timetravel အနေနဲ့ရောက်လာတာ
အခုရောက်နေတဲ့ဝိဥာဏ်ဟာ ခန္ဓာကိုယ်ရဲ့ပိုင်ရှင်အစစ်မဟုပဲ တခြားကမ္ဘာကလာခဲ့တာဆိုရင်ရော
ကျန့်ငယ်ကို ချစ်အုံးမလားဟင်"

ရိပေါ်ရှောင်ကျန့်ကိုအလေးအနစ်စိုက်ကြည့်ပြီးလက်ကလေးနှစ်ဖက်ကိုစုတ်ကိုင်ကာနူးညံစွာပြောလိုက်တော့တယ်

"ကိုကိုပြောပြမယ်ကျန့်ငယ် ကိုကိုကလေ ကျန့်ငယ်ကိုချစ်တာက ကျန့်ငယ်ရဲ့ရုပ်ရည် အလှအပ
တွေကြောင့်ကိုကိုက ချစ်ခဲ့တာမဟုဘူး
ကျန့်ငယ်ဖြစ်နေလို့ကို ကိုကိုကချစ်တာ
ကျန့်ငယ်ဟာ အခုလိုပုံမဟုပဲရုပ်ဆိုးဆိုးကြီးဖြစ်နေပါစေ ကျန့်ငယ်ဖြစ်နေရင်ကို ကိုကိုကချစ်ပြီးသာ ကျန့်ငယ်ဘာသာ တခြားကမ္ဘာကလာလာ
ဘယ်ကလာလာ ကျန့်ငယ်ကိုပဲကိုကိုကချစ်တာ
ကျန့်ငယ်က ကိုကို့အပိုင် ဘယ်လိုလူပဲဖြစ်နေပါစေ ကျန့်ငယ်ကိုပဲကိုကိုချစ်တယ် ဒါကိုကို့ရဲ့မှန်ကန်တဲ့စကားနဲ့ သစ္စာတရားပဲ"

ရိပေါ်ရဲ့မှန်ကန်တဲ့ခံစားချက်တွေကြောင့်ရှောင်ကျန့်မျက်ရည်တွေကြားကပြုံးမိတော့တယ်

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now