Second Chance(Final)

3.2K 136 21
                                    

Unicode

မနက်ခင်းနေရောင်ဟာ ပြတင်းပေါက်ကနေတစ်ဆင့်လှပတဲ့ကောင်လေးရဲ့မျက်နှာကိုဖြာကျနေတယ်...နေရောင်ဟာ ထိုကောင်လေးမျက်နှာပေါ်ဖြာကျသည်နှင့်တစ်ပြိုင်နက် ထိုကောင်လေးရဲ့လှပတဲ့မျက်နှာထက်ရှိ မျက်ခုံးလေးတွေဟာတွန့်ချိုးသွားတော့တယ်

ဝမ်ရိပေါ်သည် သူ့ရဲ့အဖိုးတန်လှတဲ့ချစ်ရသူရဲ့မျက်နှာလေးကိုဘေးကနေ တစိမ့်စိမ့်ထိုင်ကြည့်နေတော့တယ် သူရဲ့အဖိုးတန်လှတဲ့ချစ်ရသူလေးမျက်နှာပေါ်ကိုနေရောင်ကျလာတဲ့အတွက်
နေမင်းကြီးကို စိတ်ဆိုးဟန်ဖြင့် လိုက်ကာချလိုက်တော့တယ်....

ထိုအချိန် ဝမ်ရိပေါ်ဖုန်းမှ ဖုန်းလာတာကြောင့်ရှောင်ကျန့်မနိုးအောင်အမြန်ကိုင်လိုက်တော့တယ်

"အင်း စစ်ကျွေး.."

"........"

"ကောင်းပြီ အခုငါ့အိမ်ရှေ့လာခေါ်လှည့်"

"......."

ရိပေါ်ဖုန်းပြောပြီးတာနဲ့ ရှောင်ကျန့်နဖူးလေးကို
ညှင်သာစွာ နမ်းကာအမွှာလေးတွေအခန်းသွားလိုက်တော့တယ်..

ရိပေါ်အခန်းထဲရောက်တော့အိပ်နေတဲ့သူ့ရဲ့ပိစိလေးတွေကိုတစ်ချက်ကြည့်လိုက်တယ်

လက်တွေကတစ်ယောက်နဲ့တစ်ယောက်ဖက်ထားပြီး ရိကျန့်လေးရဲ့ခြေထောက်တွေက ရှောင်မေလေးပေါင်ပေါ်တင်ထားတော့တယ် နှာခမ်းလေးဆူပြီးအိပ်ပျော်နေကြတာဟာတကယ်အသည်းယားဖို့ကောင်းလှတယ်

ရိပေါ် အမွှာလေးတွေကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်တယ် နောက်ပြီး ကလေးတွေကိုနိုးလိုက်တော့တယ်

"သားရိကျန့်လေး သမီးရှောင်မေလေး"

"အင်း..အဲ.."

ရှောင်မေလေးဟာ ရိပေါ်အသံကြောင့်နိုးလာတော့တယ် ရိကျန့်လေးကတော့ခုထိအိပ်ကောင်းနေဆဲပဲ

"သား.ရိကျန့်လေး..."

"နို့..နို့..."

ရိကျန့်လေးဟာ အိပ်နေတာတောင်နို့ကို​ယောင်နေတော့တယ် ရိကျန့်လေးမနိုးတာကြောင့် ရှောင်မေလေးပါကူနိုးပေးလိုက်တော့..

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now