Part -16

3.2K 234 26
                                    

Unicode

ရှောင်ကျန့်နိုးလာတော့အိမ်အပြင်မှာကားအသစ်တစ်စီးတွေ့တာကြောင့်ရိပေါ် ဝယ်လိုက်မှန်း သိသွားတယ်...ထိုအချိန် အပေါ်ထပ်ကနေရိပေါ်ဆင်းလာခဲ့တယ်....

"ကိုကို..ညကဘယ်ချိန်ပြန်လာတာလဲဟင်.."

"..........."

"ဟို..ကားက ကိုကို ဝယ်ထားတာလား.."

"အင်း..."

ရိပေါ်ရှောင်ကျန့်ကို အင်းတစ်လုံးထဲသာပြောပြီး
ကုမ္ပဏီကိုထွက်သွားတော့တယ်...

ရှောင်ကျန့်လည်း မထူးဆန်းတော့တာကြောင့် ဘာမှမဖြစ်သလိုသာနေလိုက်တော့တယ်...

ရှောင်ကျန့်မနက်စာ စားဆေးသောက်ပြီးတော့ ကလေးအတွက် ဖိနပ်လေး ထိုးပေးနေလိုက်တယ်.... 

ချည်သာထိုးနေတာ စိတ်မပါ...ဗိုက်ထဲက ကလေးကတစ်ခုခုဖြစ်သလိုခံစားနေရတာကြောင့်...ကျန်းချန်ဆီကို...ဖုန်းဆက်လိုက်တော့တယ်

"ဝေ ကျန်းချန်ဆေးရုံမှာလား.."

"ဘာဖြစ်လို့လဲတစ်ခုခုဖြစ်လို့လား"

"ဗိုက်အောင့်တာမဟုပဲတစ်မျိုးကြီးခံစားနေရလို့ အဲ့တာ ငါမင်းဆီလာပြမလို့. မင်းဆေးရုံမှာမလား.."

"မဟုဘူး ငါအခုအပြင်မှာ ဆေးရုံသွားမလို့ရှိသေးတယ်...ငါမင်းကိုလာခေါ်မယ်"

"အင်း..ငါစောင့်နေမယ်"

ရှောင်ကျန့် ကျန်းချန်ကိုစောင့်ရင်း ချည်ဆက်ထိုးနေလိုက်တယ်....ကလေးအတွက် ထိုးထားတဲ့ ချည်ဖိနပ်လေးဟာ..တစ်ဖက်ရပြီးနောက်တစ်ဖက်ရဖို့ တစ်ဝက်သာလိုတော့တယ်...

ခနကြာတော့ကျန်းချန်ရောက်လာတာကြောင့် ရှောင်ကျန့် ကျန်းချန်နဲ့အတူ ဆေးရုံကိုလိုက်သွားတော့တယ်....သူတို့မသိလိုက်တာကသူတို့နောက်မှာလိုက်နေတဲ့ကားတစ်စီးရှိခဲ့တယ်...
.............................

"ကလေးကဘာမှစိုးရိမ်စရာတော့မရှိပါဘူး...
အနေအထားမမှန်လို့ဖြစ်တာပါ...အိပ်တဲ့အခါ..တစ်ဖက်သက်တည်းပဲမအိပ်နဲ့..ဟိုဘက်ဒီဘက် လှည့်အိပ်ပေး.."

"ဟုကဲ့ပါဒေါက်တာကျန်းချန်..ဟီး..ကျန်းချန်ကျေးဇူးပါ ငါ့ကလေးကိုစောင့်ရှောက်ပေးလို့..."

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now