Part -12

3K 237 11
                                    

Unicode

1 weeks later. .

"အား...ကျစ်.."

"မောင်နိုးလာပြီလား..."

"ဟင် လင်းအာ ဘယ်လိုလုပ်..."

"မောင်ကလည်း ဘာမှမသိတော့ဘူးလား....မနေ့ညကကျတော့အဇွတ်ပဲ..."

ရိပေါ်မနေ့ညကအကြောင်းစဥ်းစားလိုက်တယ်..

မနေ့ညက ထုတ်ကုန်အသစ်မိတ်ဆက်ပွဲရှိတာကြောင့်သူတက်ခဲ့ပြီး...ပွဲမှာဝိုင်တစ်ခွက်သောက်လိုက်ပြီး..နောက်တော့  .

"အား.."

ရိပေါ်စဥ်းစားရများလာတာကြောင့်ခေါင်းတွေကိုက်လာတယ်....အခုချိန်မှာသူဘာမှမမှတ်မိ
မူးရင်ဘာမှမမှတ်မိတဲ့အရာကသူ့အတွက်ဆိုးရွားလွန်းတယ်....

"မောင်...လင်းအာကိုမထားခဲ့ပါနဲ့နော်....မောင်မရှိရင်လင်းအာ လူတွေကိုဘယ်လိုမျက်နှာပြရမလဲ......ကျေးဇူးပြုပြီးလင်းအာကိုမထားခဲ့ပါနဲ့..."

"လင်းအာ.....ကျွန်တော် ဒီကိစ္စကိုစုံးစမ်းပါအုံးမယ်...ကျွန်တော်ဘာမှမမှတ်မိတော့တာကြောင့်.."

"ဘာ မောင်ပြောချင်တာက လင်းအာကိုတာဝန်မယူချင်ဘူးလို့ပြောချင်တာလား..."

"မဟုပါဘူး..လင်းအာ..."

"ဟင့်..ဟင့်...လင်းအာ ဘာအမှားများလုပ်ထားလို့လဲမောင်ရယ်..လင်းအာမောင့်ကိုချစ်မိရုံလေးပါ
အခုလိုဖြစ်တော့ မောင် လင်းအာကိုတာဝန်မယူချင်ရင်နေပါ..လင်းအာကိုပြစ်မထားပါနဲ့မောင်ရယ်...လင်းအား တောင်းပန်ပါတယ်ဟင့်..ဟင့်.."

"မောင်ကအဲ့လိုမျိုးပြောတာမဟုပါဘူး....တိတ်နော်....မောင်​ဖြေရှင်းပါမယ်...."

"ဟင့်..ဟင့်..."

*ဟက်....ရိပေါ်ရိပေါ် နင်ကအခုထိ တုံးတုန်းပဲကို*.

ရိပေါ်ရင်ခွင်ထဲကလင်းအာရဲ့ကြောက်စရာအပြုံးကိုတော့ ရိပေါ်မတွေ့လိုက်...
..........................

*ကိုကို ငါ့ဆီလည်းဖုန်းမဆက်ပါလား..ဟာ..ရှောင်ကျန့် မင်းကလည်း မေ့နေတာလား..ကိုကိုက မင်းဆီဘယ်တုန်းကဖုန်းဆက်လို့လဲ..ဒါဆိုငါဆက်သင့်လား....ဟင့်အင်း...ဆက်လို့မကိုင်ရင်ဘယ်လိုလုပ်မလဲ... မဟုဘူး...ကိုင်ရင်ကိုင်မှာပေါ့*

စတေးခဲ့သောနှလုံးသား(Second Chance)Where stories live. Discover now