Those Plans

1K 130 5
                                    


" jiji ... မနေ့က Company ကို လာသေးတယ်ဆို..."

ရုတ်တရက်ကြီး ထမေးတဲ့ Irene Unnie ရဲ့ အမေးကြောင့် Jisoo ရင်ထဲ ထိတ်ခနဲ
ဖြစ်သွားသည် ။ LiLi ကို လာတွေ့တာများ သိသွားပြီလားဆိုပြီး လန့်သွားမိသည် ။

" Ahh... အင်း... ဟုတ်တယ်လေ...ဘာလို့လဲ "

" ပိတ်ရက်ကြီးကို jiji ရယ် ။ ဘာလာလုပ်တာလဲ ။ အရင်က လာနေကျ မဟုတ်ပဲနဲ့ "

" အဲ့... အဲ့ဒါ... ဟို... "

" အလုပ်လေး ဘာလေးလျှော့လုပ်ပါအုန်း jiji ရယ် ။ ပိတ်ရက်တော့ နားနားနေနေ အိမ်မှာပဲ နေစမ်းပါ ။ အရေးကြီးလုပ်စရာရှိတယ်ဆိုလည်း Unnie ကို လှမ်းပြောတာမဟုတ်ဘူး "

Jisoo အဖြေရကျပ်နေတုန်း သူကပဲမေးပြီး သူကပဲ ပြောနေတဲ့ Irene Unnie ကြောင့် အသက်ရှူချောင်သွားတာတော့ အမှန် ။ အလုပ်လာလုပ်တယ်ထင်နေတာတဲ့လေ ။ ကိုယ်ကဖြင့် ကိုယ့်ကိစ္စနဲ့ကိုယ် ။
Jisoo မလုံမလဲနှင့်ပင် စိတ်ထဲရှိတာတွေ လျှောက်ပြောမိတော့သည် ။

" Ahh... အဲ့ဒါက...ဒီနေ့ တက်ရမယ့် Meeting အတွက် Data လေးတွေ ကြည့်ချင်လို့ လာလိုက်တာပါ ... အရမ်းလည်း အရေးမကြီးတော့ Unnie ကို မပြောတော့တာ ...ဒါနဲ့ Unnie က ဘယ်လိုလုပ်သိတာလဲ "

" Paking က Security ဦးလေးကြီး ပြောတာလေ ။ သူလည်း jiji မလာမဖူး လာလို့ ထူးဆန်းနေတာ "

" အော်...ကိုယ့် Company ကို ကိုယ်လာတာများ အထူးအဆန်းလုပ်လို့ Ahjashi ကတော့ အဟဲ... "

Jisoo စိတ်ထဲမှာတော့ နောက်အပတ်တွေကျရင် Security  Ahjashi ကို နှုတ်ပိတ်ရအုန်းမည်ဟု တွေးထားလိုက်သည် ။

"  အဲ့ဒါဆို ဒီပိတ်ရက် အန်ကယ် Park တို့ဆီ မသွားဖြစ်ဘူးပေါ့ ဟုတ်လား "

" အင်း... ဟုတ်တယ် ။ မသွားဖြစ်တာတောင် နှစ်ပတ်လောက်ရှိပြီ "

" ဟင်းးးး jiji ရယ် ကိုယ့်မိသားစုကိုလည်း အချိန်လေး ပေးပါအုန်း ။ အလုပ်ပဲ ဖိလုပ်မနေပါနဲ့ ။  အခုလိုပဲ အမြဲတစ်ယောက်တည်း နေ တစ်ယောက်တည်း စား လုပ်မနေပါနဲ့ ။ ပိတ်ရက်တော့ အန်ကယ် Park တို့ဆီ သွားလည်လိုက်ပါ ။ အပြင်စာတွေချည်း စားမနေနဲ့ ။ ဖွင့်ရက်သာ Unnie က အစားအသောက်အတွက် စီစဥ်ပေးလို့ရတာလေ ... နေပါအုန်း နောက်ရက်ကျမှ jiji အိမ်မှာလည်း ကိုယ့်ဘာသာ ထမင်းစားလို့ရအောင် Kimchi နဲ့ အရံဟင်းလေးတွေ လုပ်လာပေးအုန်းမယ် ။ ခေါက်ဆွဲချည်းပဲ ထိုင်စားနေမှာစိုးလို့ "

YOU , THE ONLY ONE - IWhere stories live. Discover now