Those Loves

1K 119 11
                                    



" ...×××...×××...အဲ့... အဲ့ဒါနဲ့ အဲ့နေ့ညနေက ငါလည်း Unnie ဆီကနေ ပြေးထွက်ခဲ့တယ် Lisa ။ ငါ... ငါ Unnie ကို ပစ်ထားခဲ့မိတာ... "

ခေါင်းကို ငုံ့ထားပြီး အသံတွေ
တိမ်ဝင်သွားကာ လက်နှစ်ဖက်ဆုပ်ထားတဲ့အပေါ် မျက်ရည်စက်တွေကျနေတဲ့ Chaeyoung က သူ့မွေးနေ့က
အဖြစ်အပျက်တွေကို ရှင်းပြနေသည် ။

ဒီတစ်ပတ်လုံး အရာအားလုံးနဲ့ အဆက်အသွယ်ဖြတ်ထားခဲ့တဲ့ Lisa ဟာ
Ji တစ်ပတ်လုံး ရုံးမလာတာကိုလည်း အခု Chaeyoung ရုံးခန်းထဲခေါ်ပြီး ပြောပြမှ
သိသည် ။
Ji ရဲ့ ရုံးခန်းထဲက ဆိုဖာထိုင်ခုံလေးခုမှာ  Lisa နဲ့ Chaeyoung က မျက်နှာချင်းဆိုင် ၊ အတွင်းရေးမှူး Bae နဲ့ Seulgi Unnie နဲ့က မျက်နှာချင်းဆိုင် အနေအထားအသီးသီးနဲ့ Chaeyoung ပြောပြတာကို တိတ်ဆိတ်စွာ နားထောင်နေကြသည် ။
Seulgi Unnie ကတော့ အရာအားလုံးကို
သိနေပြီးသည့်အလား တည်ငြိမ်စွာ နားထောင်နေပေမယ့် အတွင်းရေးမှူး Bae ကတော့ အလုံးစုံကို အခုမှသိလိုက်ရတဲ့အတွက် jiji ရယ်လို့ တမ်းတရင်း
သက်ပြင်းတဖွဖွ ချနေသည် ။

Lisa ကတော့ စိုးရိမ်မှုတွေ များစွာနဲ့
ဆက်ပြောလာမယ့် Chaeyoung ရဲ့စကားကို စောင့်မျှော်နေသည် ။

" ပြီးတော့ ငါ အိမ်ကိုပြန်ပြီး Appa ရှေ့မှာပဲ အားရပါးရ ငိုချခဲ့တယ် ။ Appa ကိုလည်း ဖြစ်ခဲ့သမျှ ကိစ္စတွေအကုန်လုံးကို
ပြောပြလိုက်တယ် ။ အဲ့အခါကျမှ Appa က သူ Unnie ကို တောင်းဆိုမိထားတဲ့ နင်နဲ့ ငါရဲ့ ကိစ္စကို ထုတ်ပြောခဲ့တာ ။ Appa လည်း
သူမသိပဲ တောင်းဆိုလိုက်မိလို့
ဒီလိုတွေဖြစ်သွားတာပါလားဆိုပြီး
ရင်ကျုံးမရ ဖြစ်နေရှာတာ ။ အဲ့ဒီတော့မှ
ငါလည်း အရာအားလုံးကို သဘောပေါက်သွားတာ ။ Unnie ဘာလို့ အဲ့လိုလုပ်ခဲ့လဲဆိုတာ ငါ... ငါ နားလည်သွားခဲ့တာ ။
အဲ့ဒါနဲ့ ငါလည်း ချက်ချင်း Unnie ဆီ ပြန်ပြေးသွားခဲ့တာ.... ငါ.. ငါ သိတယ်လေ... Unnie ဘယ်လောက် ပြိုလဲပြီး
ကျန်ခဲ့မလဲဆိုတာ ငါပဲ သိတာ... သိသိကြီးနဲ့ ထားခဲ့မိတာ "


Chaeyoung က ပိုးပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို လက်နဲ့သုတ်ပြီး စကားခဏရပ်ကာ သူ့ကိုသူ အငိုတိတ်အောင်လုပ်ပြီး အားယူနေခဲ့သည် ။
Lisa အခုမှ သိလိုက်ရတဲ့ အဖြစ်မှန်တွေအတွက် ကြိတ်မနိုင်ခဲမရဖြစ်ကာ အံကိုကြိတ်ထားပြီး ဝဲတက်လာတဲ့ မျက်ရည်ကို ထိန်းထားခဲ့သည် ။
စိတ်ထဲမှာလည်း ရူးလိုက်တာ Ji ရယ်... လို့ နားမလည်နိုင်စွာ ရေရွတ်နေမိသည် ။ Chaeyoung က တစ်ချက်ရှိုက်လိုက်ကာ အဆင်ပြေသွားတဲ့ ဟန်နဲ့ စကားကို
တည်တည်ငြိမ်ငြိမ်ပြန်စသည် ။


YOU , THE ONLY ONE - IOù les histoires vivent. Découvrez maintenant