Those Moments

885 112 1
                                    



အချိန်တွေဟာ ရပ်မနေသလို တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ Jisoo ရဲ့ လက်ထဲက Lily ပန်းခတ်လေးတွေလည်း အရေအတွက်အားဖြင့် တဖြည်းဖြည်းတိုးလာခဲ့သည် ။

အခုဆို ၁၂ ခတ်သော Lily ပန်းခတ်လေးကို ပေးပြီးတာနဲ့ ဆောင်းရာသီ Project အတွက် Adidas ရဲ့ Winter Wears တွေကို ကြော်ငြာဖို့ Model အဖြစ်နဲ့  LiLi ကို Photo Studio ထဲမှာပဲ စတင်ရိုက်ကူးနေပြီဖြစ်သည် ။
LiLi ရဲ့ ပွဲဦးထွက် ခြေလှမ်းလည်း ဖြစ်သလို Jisoo တို့ Agency အနေနဲ့လည်း Model Batch အသစ်ကို ချပြရတဲ့ Project ဖြစ်တာကြောင့် နားရက်တောင် မနားနိုင်ပဲ
Agency ထဲ လူစည်ကားနေတော့သည် ။

ဝါရင့် Model တွေကတော့ အလွယ်လေး ပြီးသွားကြပေမယ့် အသစ်လေးတွေကိုတော့ အချိန်ယူကာ ရိုက်ကူးရေးလုပ်နေတာမို့ Jisoo ခါတိုင်းလိုပဲ ဘေးနားကနေ
လိုအပ်တာတွေ Check ပေးနေမိသည် ။

နောက်ဆုံး ရိုက်ကူးရသူက LiLi ဖြစ်နေတာကြောင့် ညနေစောင်းတဲ့အထိ Jisoo မပြန်နိုင်သေး ။

Adidas Long Coat အဖြူနဲ့ Perfect ဖြစ်လွန်းတဲ့ LiLi ကိုကြည့်ကာ Jisoo ရော Director ကြီးကပါ သဘောကျနေကြသည် ။ ဒီ Project အတွက် LiLi ကို ပွဲထုတ်လိုက်တာ မှန်သွားတဲ့အကြောင်းလည်း Director ကြီးက Jisoo ကို ချီးကျူးနေသေးသည် ။
Jisoo ကတော့ LiLi အတွက် ပီတိတွေဖြစ်ကာ အပြုံးတွေက မရပ်နိုင်တော့ ။
ဘေးက Irene Unnie တောင် ပြောယူရတဲ့အထိ ပြုံးနေမိတာ အရှေ့က သိပ်မိမိုက်နေတဲ့ ကောင်မလေးကြောင့် ။
Post ပေးပြီးလို့ ရိုက်ပြီးတာနဲ့  ကလေးလေးတစ်ယောက်လို အပြုံးနဲ့ ခါးလေးကို
ကိုင်းကာ အဆင်ပြေလား မေးနေပုံလေးက Jisoo သဘောအကျဆုံး ပုံရိပ်လေးတစ်ခု ။

" အဟမ်း.. အဟမ်း... မိုးချုပ်နေပြီ CEO ကြီး ။ ဒီနေ့ ပြန်ဖို့ အစီအစဥ်ရှိလားမသိဘူး ။ Shooting လည်းပြီးပြီဆိုတော့ "

အတွင်းရေးမှူး Bae က ချောင်းဟန့်လိုက်ကာ သတိပေးမှ Jisoo LiLi ကို ငေးကြည့်နေရင်းက သတိဝင်လာခဲ့သည် ။

" ဟမ်... ပြီးသွားပြီလား ။ ပုံတွေက အဆင်ပြေရဲ့လား ။ Cut တွေ မနည်းစေနဲ့နော် ။ Magazine တွေမှာပါ သုံးမှာမို့လို့ ပုံတွေ မထပ်စေချင်ဘူး "

" အာ.. ဟုတ်.. စိတ်ချပါ CEO Kim ။ ပုံ 200 လောက်ကို ရှိပါတယ် ။ ကျွန်တော် သေချာပြန်ရွေးပြီး မတူတဲ့ပုံတွေကို နက်ဖြန် Director ကြီးကနေတဆင့် တင်ပြလိုက်ပါ့မယ် "

YOU , THE ONLY ONE - ITempat cerita menjadi hidup. Temukan sekarang