Those Weekends

1K 121 3
                                    


Lily ပန်းလေး နှစ်ခတ်ကို ကိုင်ကာ Jisoo တစ်ယောက် အပြုံးတွေနဲ့ပင် Agency ရဲ့ Practice Room ရှိရာကို တက်ကြွစွာ
လှမ်းလာခဲ့သည် ။
အခန်းထဲက  CCTV ကိုလည်း ပိတ်ပြီးသလို Security Ahjashi ကိုလည်း မုန့်ဖိုးပေးပြီး သူအခုလို ပိတ်ရက်မှာ လာတာ ဘယ်သူမှ မပြောဖို့ကို နှုတ်ပိတ်ခဲ့သေးသည် ။

အကြောင်းပြချက်က အတွင်းရေးမှူး Bae က CEO ပိတ်ရက်လာပြီးအလုပ် လုပ်နေရတာကို အားနာနေမှာစိုးလို့ဆိုပြီး
လျှောက်ပြောခဲ့လိုက်သည် ။ စိတ်ထဲမှာတော့ Irene Unnie ကို လှမ်းတောင်းပန်နေရသည် ။ သူ့နာမည်သုံးပြီး လိမ်ခဲ့တာမလား ။
ဒီအချိန် Agency မှာလည်း လူတစ်ယောက်မှ မရှိတာကြောင့် Jisoo ပေါ့ပေါ့ပါးပါးလေးပဲ ရှပ်အင်္ကျီအကွက်လက်ရှည်လေးကို လက်ခေါက်ကာ ဂျင်းဘောင်းဘီလေးနဲ့ တွဲဝတ်လာခဲ့သည် ။
LiLi ဆီက အပြန် ဦးလေး Park တို့ဆီလည်း ဝင်ရအုန်းမည်မလား ။

Jisoo Practice Room ထဲ ဝင်သွားတော့ LiLi က လျှာထိုးဦးထုတ်လေးကို
ခပ်ငိုက်ငိုက်စောင်းထားကာ Sport Bra အဖြူလေးကို အပေါ်က ရှပ်အင်္ကျီ ဖားဖားကြီး ထပ်ထားပြီး ဘောင်းဘီအရှည်ပွပွလေးနှင့် Catwalk လျှောက် လေ့ကျင့်နေသည် ။

Jisoo လည်း အသာလေး ငြိမ်နေပြီး တံခါးပေါက်နားမှာပဲ လက်ပိုက်ပြီး LiLi ရဲ့ လှုပ်ရှားပုံတွေကို အသေးစိတ် လိုက်ကြည့်နေမိသည် ။
သေချာကြည့်မှ LiLi ဟာ မိန်းကလေးတစ်ယောက်လိုလည်း လှသလို ယောကျာ်းလေးတစ်ယောက်လိုလည်း ဆွဲဆောင်မှုရှိသည် ။ ရှည်လျားလှတဲ့ ခြေတံလက်တံတွေကြောင့် လှုပ်ရှားမှုတိုင်းက Hot ဖြစ်နေပြီး
မျက်နှာလေးကတော့ ကလေးတစ်ယောက်လို အေးချမ်းနေတတ်ပြန်သည် ။

Jisoo LiLi ကို ပြုံးပြီး အကဲဖြတ်နေတုန်း ရုတ်တရက် လှည့်လာတဲ့ LiLi က သူ့ကို မြင်သွားတော့ အပြေးလာပြီး ဖက်တော့သည် ။

" ဟာ... Ji... ရောက်လာပြီ.... အီးးးးယားးးးး မျှော်လိုက်ရတာ Ji ရယ် "

" Arh.. Arhh... ဖြည်းဖြည်းဖက်ပါ LiLi ရယ်.... ။ သူ့လက်အရှည်ကြီးတွေနဲ့ လူက ညှပ်နေပြီ "

" အဟားး... အဲ့ဒါတော့ Ji က သေးတာကိုး ။ မတတ်နိုင်ဘူးလေ "

" Yaa.. Yaa... အဲ့ဒါ ထည့်မပြောနဲ့ ။ ဟင်းး... ပန်း မပေးပဲ နေလိုက်မှာနော်... "

YOU , THE ONLY ONE - IOnde histórias criam vida. Descubra agora