Those Relations

991 125 8
                                    


ဒီနေ့တော့ Jisoo လက်ထဲမှာ Lily ပန်းခတ်လေး သုံးခတ်အပြင် LiLi အတွက်ဆိုပြီး ထိုင်းစားသောက်ဆိုင်ကနေ ဝင်ဝယ်ခဲ့တဲ့ အစားအသောက်ဗူးတွေပါ ပါလာခဲ့သည် ။ ပြီးတော့ LiLi ကို ခေါ်ကာ ရုံးခန်းထဲမှာပဲ နှစ်ယောက်သား အတူစားဖြစ်ကြသည် ။

" Ji... ဘာလို့ ရုံးခန်းထဲ လာတာလဲ ။
တော်ကြာ သန့်ရှင်းရေးလုပ်တဲ့သူတွေ
ဘာတွေလာရင် မြင်သွားမှဖြင့် "

" အာ... အေးဆေးပါ... ။ သူတို့က ရုံးဖွင့်ရက်ပဲ မနက်ပိုင်း လာလုပ်ကြတာ... ဟဲဟဲ ။ Ji အကုန်သိပါတယ် LiLi ရဲ့ ။ ပြီးတော့ Practice Room ထဲမှာ အစားအသောက်
မစားရဘူးလေ ကောင်မလေး ။ စည်းကမ်းချက်တွေ သေချာမဖတ်ထားဘူးလား "

" အဲ... ဟုတ်သားပဲ... ဟီးဟီး.... မေ့သွားလို့ပါ LiLi က... အီးးးးယားးး Ji ကို အရမ်းလွမ်းနေတာသိလား   ဒီတစ်ပတ်လုံး မျက်နှာလေးကို မမြင်ရဘူး "

LiLi က ပြောပြောဆိုဆိုနဲ့ Jisoo မျက်နှာလေးကို လက်နဲ့ လာကိုင်တော့ Jisoo က နောက်ကို ဆုတ်လိုက်ကာ

" ဟင်းးး.... သူပဲ မလာခိုင်းပြီးတော့ ။
ပြီးတော့ ဟိုတစ်ပတ်ကပဲ တွေ့ထားတယ်လေ LiLi ကလည်း "

" Arrshii... ချွဲလို့ကို မရဘူး ။ ဘယ်လို လူကြီးလဲ မသိဘူး...ဟိုတစ်ပတ်က တွေ့ထားလည်း လွမ်းလို့မရဘူးလားပြော "

Lisa လက်ကို ပြန်ချလိုက်ကာ စူပုတ်ပုတ်နဲ့ ပြောမိတော့ Ji က ပါးစပ်ကို လက်လေးနဲ့အုပ်ကာ တခွီးခွီးနဲ့ ရီနေသည် ။

" ဟီးဟီး... စတာပါ LiLi ရယ်...
လွမ်းပါနော်... လွမ်း လွမ်း စိတ်ကြိုက်လွမ်း... အဲ... လွမ်းတာဆိုလို့ LiLi  ထိုင်းစာလေးတွေ လွမ်းနေမယ်ထင်လို့ Ji သိသမျှတော့ ဝယ်ခဲ့တယ် ။ ဘယ်လိုလဲ ကြိုက်ရဲ့လား ကလေး "

" အင်း... မဆိုးပါဘူး ။ အရသာမတူပေမယ့် စားလို့ကောင်းပါတယ် ။ Ji နဲ့ အတူတူစားရတော့ ပိုတောင် အရသာ ရှိသေးတယ် ဟီးဟီး "

" Aigoo...စိတ်ချမ်းသာအောင် အရမ်းပြောတတ်တာပဲ ။ ဒါနဲ့ ဒါက ထိုင်းလို ဘယ်လိုခေါ်လဲ LiLi "

" အော်... အဲ့ဒါက Som Tom "

" ‌ Som...Tom...I Like it "

" Ji ကြိုက်တယ်လား ။ အဲ့ဒါဆို ရော့
အများကြီးစား "

YOU , THE ONLY ONE - IDonde viven las historias. Descúbrelo ahora