Those Steps

822 108 4
                                    

--- Adidas Winter Fashion Show ---

ရှုပ်ရှပ်ခတ်နေတဲ့ Back Stage မှာ အရောင်အသွေးစုံတဲ့ Fashion တွေနဲ့ Models တွေက ဟိုတစ်စု ဒီတစ်စုနဲ့ ကိုယ့်အလှည့်ကျမယ့်အချိန်ကို စောင့်ရင်း ယောက်ယက်ခတ်နေကြသည် ။
Lisa တို့ အငယ်တန်းတစ်စုကတော့ နောက်ဆုံးမှ ထွက်ရမှာမို့ မိတ်ကပ်ခန်းထဲမှာပဲ ပြင်ဆင်ချယ်သနေကြရင်း စိတ်လှုပ်ရှားမှုကိုယ်စီနဲ့ တွတ်ထိုးသံများက ဆူညံနေတော့သည် ။
ပထမဆုံး လူအများကြီးရှေ့မှာ စင်ပေါ်တက်ရမှာမို့ Lisa ကိုယ်တိုင်လည်း ရင်တွေခုန်နေကာ လက်တွေပါ တုန်နေတော့သည် ။

သက်ပြင်းဖွဖွလေး ခဏခဏချကာ စိတ်ကို တည်ငြိမ်အောင် ထားပေမယ့် မျက်လုံးတွေကတော့ မတည်ငြိမ်နိုင် ။ ဒီအချိန်မှာ အလိုအပ်နေဆုံးဖြစ်တဲ့ သူ့ကို အားဖြစ်စေမယ့် Ji ကို ရှာနေမိသည် ။ ဒီပွဲတက်ရမယ်လို့ ပြောထားပေမယ့် Back Stage ကို
မနက်ကတည်းက ရောက်မလာခဲ့တာ
အခုဆို ပွဲချိန်တောင် တဝက်ကျိုးနေပြီ ။ ခဏနေ Lisa တို့အလှည့်ပြီးသွားရင်
ပွဲပြီးသွားပြီမို့ ပွဲများ လာမတက်တာလားလို့ပင် Lisa တွေးမိလိုက်သေးသည် ။
သို့ပေမယ့် အခုမှ Debut လုပ် မိတ်ဆက်ပေးမယ့် Lisa တို့ Batch ကိုတော့ ပစ်မထားလောက်ပါဘူးရယ်လို့ တွေးမိတော့
လည်ပင်းလေးထောင်ပြီး မျှော်ရသေးသည် ။ ဘာပဲဖြစ်ဖြစ် ပထမဦးဆုံးစင်ပေါ်မတက်ခင်တော့ Ji ကို မြင်ချင်မိတယ်လေ ။ Ji ရဲ့အားပေးတဲ့စကား ဒါမှမဟုတ်ရင်တောင် အပြုံးလေးတွေက LiLi ကို အားဖြစ်စေသည်လေ ။

" ကဲ အငယ်လေးတွေ နောက် ၁၅ မိနစ်နေရင် အနောက်မှာ တန်းစီထားမယ်နော် ။ အစီအစဥ်အလိုက်နော် "

ပွဲစီစဥ်သူရဲ့ အော်သံကြောင့် Lisa တစ်ယောက် အတွေးတွေထဲက နိုးလာကာ
ပြင်နေတဲ့မိတ်ကပ်ကို မြန်မြန် လက်စသတ် ခိုင်းလိုက်တော့သည် ။

ထိုအချိန်မှာပဲ မှန်ထဲကနေ လှမ်းမြင်လိုက်ရတာက နှစ်လိုဖွယ်ရာအပြုံးတွေနဲ့ ပြုံးပြီး
ကြည့်နေတဲ့ ပုံရိပ်တစ်ခု ။

Lisa မျက်လုံးလေး အဝိုင်းသားနဲ့
နောက်လှည့်ကြည့်ကာ ထိုပုံရိပ်ပိုင်ရှင်လေးကို ပြုံးပြလိုက်သည် ။ မျှော်လင့်ချက်ကလေးနဲ့ အနောက်ကို ထပ်လှမ်းကြည့်မိပြန်တော့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့တာမို့ မျက်နှာပေါ်က အပြုံးလေးက အားလျော့သွားခဲ့ရသည် ။
Chaeyoung လာရင် Ji ပါ ပါလာရယ်မလားလို့ မျှော်လင့်မိတာကိုး ။ အခုတော့ သူ့ရှေ့ရောက်လာတာက အပျော်တွေ‌အပြည့်နဲ့
တလက်လက်တောက်နေတဲ့ မျက်လုံးပိုင်ရှင် Chaeyoung ။

YOU , THE ONLY ONE - IWhere stories live. Discover now