Those Eyes

1.2K 153 4
                                    


------- Flash Back -------

Jisoo စားပွဲပေါ်က Interview ဖြေကြမယ့် လူတွေရဲ့ စာရွက်တွေကို တစ်ရွက်ချင်း
လိုက်ဖတ်ကြည့်နေမိသည် ။
ဘေးမှာလည်း Director ကြီးနဲ့ Stylist Unnie  ရှိတော့ ဒီနေ့အတွက် သူ့အလုပ်က သူတို့ Interview လုပ်နေတာတွေကို
ထိုင်ကြည့်ပေးရုံသာ ။
Model လုပ်ဖို့လာကြတယ်ဆိုကတည်းက အားလုံးက ချောပေ့လှပေ့တွေချည်းပဲဆိုတော့ Jisoo အနေနဲ့ စကားအပြောအဆို အနေအထိုင်နဲ့ အမူအရာလောက်သာ အကဲဖြတ်ဖို့ ရှိသည် ။ ကျန်တဲ့ Talent ပိုင်းဆိုင်ရာကတော့ Director ကြီးတို့နဲ့ လွှဲထားလိုက်ရုံ ။

တစ်ယောက်ပြီးတစ်ယောက် Interview
နေရင်း မျက်စိရှေ့ရောက်လာတဲ့
စာရွက်ပေါ်က နာမည်လေးကြောင့် Jisoo
ခါးမတ်ခနဲ ဖြစ်သွားသည် ။ ဟုတ်ပါတယ် ။ နှစ်ယောက်မရှိနိုင်တဲ့ နာမည်လေး ။
Lalisa Manoban တဲ့ ။
စာရွက်မှာ ရေးထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို လိုက်ဖတ်ကြည့်မိတော့ ထိုင်းနိုင်ငံသား ဆိုကတည်းက
သေချာသွားပါပြီ ။ ဟုတ်ပါတယ် ။
ဒါ LiLi ပဲ ။ စာရွက်ကိုင်ထားတဲ့လက်က မသိမသာတုန်ယင်နေတာကို ထိန်းရင်း
တံခါးဖွင့်သံကြားလိုက်တော့ ရင်ဘတ်ထဲက တလှပ်လှပ်နှင့်ပင် ခုန်ပေါက်နေတော့သည် ။

မော့မကြည့်မိအောင် ထိန်းထားရင်း စာရွက်အနောက်ဘက်မှာ ကပ်ထားတဲ့ သူ့ဓာတ်ပုံလေးကို လှန်လှောရှာကြည့်မိသည် ။

ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်တဲ့ အရိပ်အယောင်ကိုတော့ မော့မကြည့်ရဲသေး ။
ဓာတ်ပုံကို ကြည့်ကာ ပိုသေချာအောင် လုပ်ရမည်လေ ။ မြင်လိုက်ရတဲ့ ပုံလေးကြောင့်
ခုန်နေတဲ့ရင်ဘတ်ထဲက စိုးရိမ်စိတ်ကြီးက လုံးဝပျောက်သွားတဲ့အထိ ။ ဟုတ်တာပေါ့ ။ ဒီမျက်လုံးလေးတွေ LiLi မှ LiLi အစစ် ။
ဒါဆို အခု သူ့ရှေ့ထိုင်နေတဲ့သူကလည်း LiLi ပဲပေါ့ ။ LiLi က သူ့ကို သိလို့ လာခဲ့တာလား ။ ဒါမှမဟုတ် တိုက်ဆိုင်တာပဲလား ။

တကယ်ပဲ သူ့ဆီအရောက်လာခဲ့တာဆိုရင်တော့ ကတိမတည်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲ Jisoo စိတ်ပျက်မိသည် ။ ကလေးဘက်ကတောင် သူ့ကတိအတိုင်း အရောက်လာရှာခဲ့ပြီလေ ။

အတိတ်က ပေးခဲ့တဲ့ ကတိတွေကို ပြန်ကြားယောင်မိတော့ LiLi ရဲ့ ငယ်ငယ်တုန်းက အပြုံးလေးတွေက မျက်လုံးထဲ ပေါ်လာခဲ့သည် ။

YOU , THE ONLY ONE - IDonde viven las historias. Descúbrelo ahora