Those Pains

826 110 14
                                    


Jisoo တစ်ယောက် လေးလံနေတဲ့စိတ်ကို လေပူတစ်ချက်နဲ့အတူ ဖြေလျှော့ချပစ်လိုက်ပြီး ကားလေးကို ဦးလေးတို့အိမ်ဘက်ကို
ဦးတည်လိုက်သည် ။
အစကတော့ ဒီပိတ်ရက်ကို LiLi ဆီအရင် သွားပြီး အထင်လွဲနေတာတွေ ရှင်းပြရင်း တောင်းပန်မယ်တွေးထားရာက ဦးလေးက ညဘက် ဖုန်းဆက်ပြီးတောင် ထပ်ခေါ်သဖြင့် ဦးလေးဆီပဲ အရင်လာခဲ့လိုက်ခြင်း ဖြစ်သည် ။
Chae လေးကိစ္စ တိုင်ပင်စရာရှိလို့ ဆိုတဲ့ စကားအရရော သူ့သူငယ်ချင်းနဲ့
အိမ်ပြန်မလာခင် သူမရှိတုန်း အရင်လာခဲ့ပါဆိုတဲ့ စကားရောကြောင့် Jisoo စိတ်ထဲ လေးနေမိတာတော့ အမှန် ။
LiLi နဲ့ ပတ်သက်တာတော့ သေချာသလောက် ရှိနေသည်မို့ အမျိုးအမည်မသိတဲ့ စိုးရိမ်မှုက ရင်ထဲမှာ တင်းကျပ်နေသည် ။
ပန်းဆိုင်ကနေ ဒီတစ်ပတ်အတွက် မှာထားတဲ့ Lily ပန်းလေးတွေကိုတောင် သွားမယူဖြစ်တော့ ။ စိတ်ထဲကနေ ထင့်နေတဲ့ မလိုလောက်တော့ဘူးဆိုတဲ့ အတွေးက ဘာလို့ ကြီးစိုးနေမှန်းမသိ ။

Jisoo အိမ်ရှေ့ ကားထိုးရပ်လိုက်ချင်းပင်
ဦးလေးက နွေးထွေးတဲ့ အပြုံးနဲ့ ထွက်ကြိုလာခဲ့သည် ။ ပြီးတော့ ထိုင်နေကျ ဧည့်ခန်းထဲမှာ မထိုင်ခိုင်းပဲ Chae လေးအခန်းထဲကို လိုက်ခဲ့ဖို့ ခေါ်ကာ ရှေ့ကနေ သူက ဦးဆောင်ပြီး ဝင်သွားခဲ့သည် ။


" jiji.... ဒီမှာ ကြည့်ပါအုန်း ။ jiji ညီမ
ဘာတွေပြောင်းလဲနေလဲဆိုတာ "


သက်ပြင်းခပ်ဖွဖွချပြီး အားလျော့နေတဲ့ အသံနဲ့ ပြောကာ အခန်းထဲက Chae လေးစာအုပ်စင်ကို လက်ညှိုးထိုးပြသည် ။
Jisoo ဦးလေးပြတဲ့နေရာကို ရှေ့တိုးပြီး
ကြည့်လိုက်တော့ စာအုပ်စင်မှာ ကျောင်းစာအုပ်တွေရှေ့ နေရာယူထားတာက LiLi ရဲ့ မျက်နှာဖုံးပါတဲ့ မဂ္ဂဇင်း စာအုပ်တွေ ။
စင်အပေါ်ဆုံးထပ်မှာ ထောင်ထားတဲ့
ဓာတ်ပုံလေးက LiLi နဲ့ Chae လေးတို့
နှစ်ယောက်သား ပြုံးပျော်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံလေး ။
စာကြည့်စားပွဲမှာလည်း LiLi ရဲ့ ပုံတွေက နေရာအနှံ့ ကပ်ထားသည် ။ အထင်ရှားဆုံးကတော့ အခန်းပတ်ပတ်လည်မှာပါ ကပ်ထားတဲ့  အမူအရာပေါင်းစုံနဲ့ LiLi ရဲ့ အရွယ်မျိုးစုံ Poster တွေ ။

Jisoo အခန်းထဲကြည့်လိုက်ပြီးမှ ခေါင်းကို
ငုံ့ကာ ဦးလေးကို မဝံ့မရဲ ကြည့်မိတော့
ဦးလေးက အခန်းထဲက ထိုင်ခုံပေါ်မှာ မျက်နှာကို လက်နဲ့ပွတ်ပြီး ထိုင်နေသည် ။

YOU , THE ONLY ONE - INơi câu chuyện tồn tại. Hãy khám phá bây giờ