Those Memories

848 105 6
                                    




" Hello... LiLi yaa...Ji ... Ji ဘယ်ရောက်နေမှန်းမသိလို့..."

" ဟင်... Ji... ဘယ်...ဘယ်လို ဖြစ်တာလဲ ။ Ji ပဲ Myeongdong ကို လာခဲ့ဆို ။ အခု LiLi က ရောက်နေပြီလေ "

" ဟုတ်... ဟုတ်တယ်... Ji လည်း Myeongdong ထဲ ရောက်နေပြီ ။  ဒါ... ဒါမဲ့ ဘယ်နေရာရောက်နေမှန်း မသိတော့ဘူး "

" အာ... Ji ကတော့ကွာ... ဟီးဟီး... ကဲ စိတ်အေးအေးထား ... LiLi လာခေါ်မယ်... Ji ဘေးနားမှာတွေ့ရတဲ့ဆိုင်တွေ ပြောကြည့်  ... LiLi ရှာလိုက်မယ် "

" အင်း.... ××× ခေါက်ဆွဲဆိုင် ရှိတယ် LiLi.... ပြီးတော့ Ah... ဘေးမှာ 7/11 ဆိုင်လေး
ရှိတယ် "

" Aww... Ok.. Ok... LiLi လာခဲ့မယ်နော်... အဲ့နားကနေပဲ ရပ်စောင့်နေနော် "

Lisa တစ်ယောက် ဖုန်းချပြီးတာနဲ့  ရောက်နေတဲ့နေရာကနေ ရှေ့တစ်လမ်းကျော်ကို ခြေလှမ်းသွက်သွက်လေး လှမ်းလာခဲ့တော့သည်။
တကယ်တော့ Ji ရောက်နေတာက
ဒီနားလေးတင်ကို ချိန်းထားတဲ့နေရာကို လမ်းမှားဝင်သွားပုံရသည် ။ သူ ပြောတဲ့နေရာမဟုတ်တော့ လမ်းပျောက်ပြီး ဖုန်းဆက်လှမ်းခေါ်တဲ့ Ji ကို သဘောကျစွာနဲ့ တစ်ချက်ရီလိုက်ပြီး အရှေ့က မြင်နေရတဲ့ လမ်းထဲ ချိုးဝင်လိုက်သည် ။

တွေ့ပါပြီ Lisa ရဲ့ CEO ပေါက်စလေး ။ အင်္ကျီလက်ရှည်အပြာစင်းလေးနဲ့ ဂျင်းဘောင်းဘီအပွအရှည်ကို တွဲဖက်ဝတ်ထားပြီး ကျောပိုးအိတ် ပိစိလေးကလည်း
လွယ်ထားလိုက်သေးသည် ။
Mask တပ်ထားတဲ့အပြင် ဦးထုပ်လေးပါ ဆောင်းထားတော့ တကယ့်ကလေးပေါက်စလေးလိုပင် ။ ဘယ်သူက Agency ကြီးတစ်ခုရဲ့ CEO လို့ ထင်မှာလဲ ။ ရုပ်ဖျက်တဲ့ နေရာမှာတော့ Ji က တော်သွားပြန်ပြီလေ ။
ဒါပေမယ့်လည်း Lisa က Ji ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် အဝေးက မြင်နေရတဲ့ ပုံရိပ်လေးကအစ မှတ်မိနေတတ်တာမျိုး ။ 

ကားဘေးကနေ ဟိုဘက်မျှော်ကြည့် ဒီဘက်မျှော်ကြည့် လုပ်နေတဲ့ ပုံရိပ်လေးကို သဘောကျလွန်းလို့ အနားမရောက်ခင်
လက်ထဲက ဖုန်းလေးနဲ့ Focus အမျိုးမျိုး ဖမ်းယူပြီး ဓာတ်ပုံရိုက်ယူထားလိုက်သည် ။

ဒီနေ့က ပထမဦးဆုံး Ji နဲ့အတူတူ အပြင်ထွက်လည်တဲ့ နေ့လေးမို့ အမှတ်တရလေးဖြစ်အောင် သူ့ရဲ့ ဖုန်းထဲမှာ Ji ဆိုပြီး File လေးနဲ့ ပုံလေးတွေကို သိမ်းထားလိုက်သည် ။ ဒါက  Gallery ထဲမှာရှိတဲ့ ဒုတိယမြောက် File လေးပင် ။
ပထမဆုံး File လေးက Ji ငယ်ငယ်က ထိုင်းကို လာတုန်းက ပုံလေးတွေ ။ Daddy ရဲ့ Camera နဲ့ ရိုက်ထားသမျှကို Lisa ဖုန်းထဲ ကူးထားခဲ့ခြင်းဖြစ်ပြီး အမြဲသိမ်းထားခဲ့တဲ့ အမှတ်တရလေးတွေမို့ Memories လို့ နာမည်ပေးထားသည် ။ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ Lisa အတွက် ရှေ့လျှောက်တော့ Ji ဆိုတဲ့ File လေးထဲမှာ ပုံတွေအပြည့် နေရာယူတော့မည်ထင်သည် ။

YOU , THE ONLY ONE - IWhere stories live. Discover now