Those Mistakes

803 104 7
                                    


"Li... Lisa... နင်... နင်က... ဘယ်... ဘယ်လို "

" Ch... Chae လေး... "

လုံးဝမမျှော်လင့်ထားပဲ တွေ့လိုက်ရတဲ့ Chaeyoung ကို Jisoo အကြောင်သား
ငေးကြည့်နေမိရာကနေ ပခုံးပေါ် တင်ထားတဲ့ LiLi လက်ကို ဖြုတ်ချပစ်လိုက်သည် ။
အလန့်တကြား နောက်တစ်လှမ်းဆုတ်မိတော့ Chae လေးရဲ့ နားမလည်နိုင်တဲ့ မျက်ဝန်းတွေက Jisoo ဆီရောက်လာသည် ။

ဘယ်လိုဖြေရှင်းချက်ပေးရမလဲဆိုတဲ့ အတွေးက ခေါင်းထဲမှာ ပြေးလွှားနေရင်း နှလုံးသားကလည်း အပြစ်လုပ်ထားတဲ့သူတစ်ယောက်လို ဝုန်းဒိုင်းကျဲနေသည် ။
ဒီအချိန် အငွေ့သာ ပျံတက်သွားချင်တယ်လို့ တွေးမိပြီး တုန်ယင်နေတဲ့ နှုတ်ခမ်းက အာစေးမိနေသလို စကားတစ်လုံးမှ
ထွက်မလာခဲ့ ။

Chae လေး လက်ထဲက အထုတ်အပိုးတွေကလည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲလို့ ။
ဒီကလေးက Christmas ညမှာ Jisoo တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ အဖော်လာလုပ်ပေးတာထင်ပါရဲ့ ။

နင်...အကြီးကြီးကို မှားသွားပြီ Kim Jisoo ရယ်...

" Ah... Chaeyoung yaa...နင် Ji ဆီ လာတာလား... လာမယ်ဆိုလည်း ကြိုမပြောဘူး ။
ငါတို့ အတူတူအပြင်လည်လို့ ရတာပေါ့ "

Lisa က ဘာမှမဖြစ်သလို ပြောပြီး Chaeyoung ဆီ လျှောက်သွားကာ ကြမ်းပြင်ပေါ်က အထုတ်တွေကို
ကောက်ယူလိုက်သည် ။

ရှုပ်ရှပ်ခတ်နေတဲ့ အတွေးတွေနဲ့ Chaeyoung ကတော့ Lisa ကိုတစ်လှည့်
Jisoo ကိုတစ်လှည့် ကြည့်ကာ အခုအခြေအနေကို နားလည်နိုင်ဖို့ မနည်းကြိုးစားနေရသည် ။

" နင်... နင်က.. ဘယ်လိုလုပ် Unnie အိမ် ရောက်နေတာလဲ Lisa... ပြီး... ပြီးတော့ နင်နဲ့ U... Unnie နဲ့က ဘာတွေလဲ...အိမ်လာလည်ရတဲ့အထိ ရင်းနှီးနေတာလား ဟုတ်လား... ဘာ... ဘာတွေ ဖြစ်ကုန်တာလဲဟာ "

" Ch... Chae လေး... U... Unnie ရှင်းပြမယ်နော်... စိတ်ကို အေးအေးထားပြီး နားထောင်ပေးပါနော်... Unnie ရှင်းပြပါ့မယ်.... "

Chaeyoung ကိုသာ စိတ်အေးအေးထားဖို့ ပြောလိုက်ပေမယ့် တကယ်ပူလောင်နေရသူက Jisoo ပင်ဖြစ်သည် ။ စကားတစ်လုံးပြောထွက်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေရပေမယ့် တုန်ယင်နေခဲ့တာ ကိုယ်တိုင်ပဲ သိသည် ။

YOU , THE ONLY ONE - IDonde viven las historias. Descúbrelo ahora