Those Silent Tears

804 105 18
                                    



" CEO.... ဒါ ဒီနေ့ လုပ်ရမယ့် Lisa ရဲ့ Schedule ။ ပြီးတော့ သူ့မန်နေဂျာအသစ်လည်း မနက်ဖြန်အလုပ်စဝင်မယ်ပြောတယ် CEO ။ နောက်နေ့ကစပြီး Schedule တွေ
သူလာတင်ပါလိမ့်မယ် "


" အင်း... ဟိုနေ့က အစည်းအဝေးရဲ့ Result ရော ရပြီလား "


" Nae... ရပြီ... jiji...  hee..hee "


စကားအကောင်းပြောနေရင်းနဲ့ ထရီတဲ့ အတွင်းရေးမှူး Bae ကို Jisoo တစ်ချက်မျက်လုံးလှန်ကြည့်လိုက်သည် ။
ဒါလည်း သူက ဖြုံတောင် မဖြုံ ။ ပြီတီတီ မျက်နှာပေးနဲ့ပဲ


" ဟဲဟဲ... မယုံနိုင်စရာကောင်းတဲ့ Result ထွက်လာတယ်လေ... CEO ကြီးရဲ့ ။ အဲ့နေ့က Project Manager တွေ ပြင်ဆင်ထားတဲ့ Lisa ရဲ့  ကြော်ငြာ  သုံးလေးခုလောက်တော့ Company တွေဘက်က Cancel လုပ်သွားကြတယ်တဲ့ ။ ဒါပေမယ့် တစ်ခုကောင်းတာက သုံးရက်အတွင်းကို Lalisa ဆိုတဲ့နာမည်က Model လောကမှာ ဟိုးလေးတကျော် ဖြစ်သွားတာပဲ ။ နိုင်ငံခြားအခြေစိုက်တဲ့ Brand တွေလည်း သူ့ကို လာကမ်းလှမ်းကြတယ် ။ နောက်ပြီး Social Network တွေမှာလည်း Lisa က Trend ကို ဖြစ်နေရောပဲ ။ LGBT Supporters တွေကအစ Fan Club ဖွဲ့ပြီးကို အားပေးကြတာ ... Lisa ရဲ့ ဝန်ခံချက်က တကယ်ကို ကောင်းတဲ့ Result ထွက်လာတာပါ jiji ရယ်... jiji စိတ်ချထားလို့ရပြီနော် "


Irene Unnie စကားကြားမှပဲ Jisoo ရင်ထဲက အလုံးကြီးကျသွားတော့သည် ။
နှလုံးသားရဲ့  စပ်ဖြင်းဖြင်း နာကျင်မှုက
မပျောက်သေးပေမယ့် အပြုံးခပ်ယဲ့ယဲ့ကိုတော့ ပြုံးနေနိုင်ပြီဖြစ်သည် ။
LiLi ကြောင့်ပဲပေါ့ ။



" ဖူး.... အခုမှပဲ တို့ CEO ကြီး မျက်နှာလေး ပြန်ပြုံးလာတော့တယ်... အခုစိတ်ချရပြီမို့ စိတ်ထဲမှာ အရမ်း Stress မထားနေပါနဲ့တော့ jiji ရယ် ။ jiji ကိုကြည့်ရတာ Unnie ပင်ပန်းလို့ပါ ။ လူကလည်း နေကောင်းတာမဟုတ်ပဲနဲ့ ။ ဒီသုံးရက်ကို ကောင်းကောင်းလည်း
မစားဘူးနော် ။ ညဘက်တွေရော အိပ်ပျော်ရဲ့လား ။ မျက်တွင်းတွေက တော်တော်ကိုကျနေပြီ ။ ဒီနေ့တော့ Unnie နဲ့အတူတူ Lunch ကို ကောင်းကောင်းလေး စားပေးနော်  ဒီလိုကြီး ကြာကြာနေရင် လဲသွားလိမ့်မယ် jiji ရဲ့ "


လာပါပြီ နည်းနည်းလေး ပြုံးလိုက်တာနဲ့
Bae Irene ရဲ့ စိုးရိမ်တကြီးပေါက်ပေါက်ဖောက်သံတွေ ။ Jisoo ဘာမှပြန်မပြောချင်တာနဲ့ပဲ မျက်လုံးစုံမှိတ်ပြီး ခေါင်းညိတ်ပြလိုက်သည် ။ ပြီးတော့ လက်ထဲက LiLi ရဲ့ တစ်နေ့တာ Schedule တွေကို တစ်ချက်လိုက်ကြည့်လိုက်သည် ။ စာရွက်ပေါ်မှာ မြင်နေရတဲ့ စာလုံးတွေအစား LiLi ရဲ့ နာကျည်းမှုနဲ့ နာကျင်မှုတွေရောနေတဲ့ မျက်လုံးတွေကို ပြန်မြင်ယောင်လာတော့ စာရွက်ကိုင်ထားတဲ့ လက်က တင်းခနဲဖြစ်သွားသည် ။
တကယ်ကို မုန်းသွားပြီနေမှာ...
အရွဲ့တိုက်နေတဲ့ အမူအရာလေးတွေနဲ့
ခပ်စိမ်းစိမ်းစကားသံတွေက အရင်က
နူးညံ့လှပါတယ်ဆိုတဲ့ ပန်းကလေး
LiLi နဲ့များ တခြားစီ ။ ကျားနာမလေးတစ်ကောင်လို အကြည့်စူးစူးတွေက Jisoo ရင်ကို ထိုးသွင်းနေတဲ့ စူးတွေလိုပင် ။

YOU , THE ONLY ONE - INơi câu chuyện tồn tại. Hãy khám phá bây giờ