Those Lips

1.9K 174 4
                                    

KIM Model Agency ရဲ့ Interview Hall Room ကြီးရှေ့မှာ လှပသွယ်လျတဲ့ ပန်းကလေးတွေ အစီအရီ ထိုင်နေကြသည် ။
ထိုအထဲတွင် LiLi ဆိုတဲ့ ပန်းလေးလည်း အပါဝင်ပင် ဖြစ်သည် ။ ဟုတ်ပါသည် ။
Lalisa Manoban ခေါ် Lisa ဆိုတဲ့ ကောင်မလေးကတော့ ထိုအရောင်အသွေးစုံလင်လှတဲ့ ပန်းလေးတွေကြားထဲ
မိမိကိုယ်ကို LiLy ပန်းအဝါရောင်လေးနှင့်ပင် တင်စားမိသည် ။ သူ အရမ်းကြိုက်တဲ့ ပန်းလေးမလား ။ ထိုပန်းလေးက စိတ်လှုပ်ရှားလွန်းလို့ ထင်ပါရဲ့ ။
ရှည်လျားသွယ်လျတဲ့ လက်ချောင်းလေးတွေကို ဆုတ်လိုက်ဖြန့်လိုက်နှင့် လက်ဖဝါးလေးနှစ်ခုကိုလည်း အကြိမ်ကြိမ်ပွတ်တိုက်နေမိသည် ။
သူ့အတွေးထဲမှာတော့   မျှော်လင့်ချက်တွေနဲ့အတူ စိုးရိမ်စိတ်လေးပါ ရောပြွန်းနေသည် ။ သူ အရမ်းတွေ့ချင်နေတဲ့ သူနဲ့ တွေ့ရတော့မှာမလား ။ ပျော်ရွှင်ခြင်းနဲ့အတူ ရင်ခုန်သံတွေပါ ပါဝင်နေတော့ လူက ဂနာမငြိမ် ။
ဂနာမငြိမ် တာကတော့ အခုအခန်းရှေ့မှာ
ရှိနေကြတဲ့ လူတိုင်းပါပဲ ။ သူ့မှာသာ ပျော်ရွှင်နေတဲ့ စိတ်လေး ကြီးစိုးနေတာ ။

☁️...နောက်ဆုံးတော့ သူ့ကို ပြန်တွေ့ရတော့မယ်... ဓာတ်ပုံတွေထဲမှာတော့ သူက အရမ်းချောတာ အပြင်မှာရော ငယ်ငယ်တုန်းကလို သေးသေးလေးပဲဖြစ်နေမလား...ကိုယ်ကသာ အရမ်းထွားတတ်လာတာလေ... ဒါပေမယ့်  သူက မှတ်မိပါ့မလား ဆယ်နှစ်တောင်ကြာခဲ့ပြီလေ ။ အို... သူ့ထက်ငယ်တဲ့ ငါတောင် ကောင်းကောင်းမှတ်မိသေးတာပဲ ။ သူက မှတ်မိမှာပါ ။ ဟုတ်တယ်... သူ မှတ်မိမှာပါ... နာမည်မြင်တာနဲ့ကို မှတ်မိနေမှာ.... ☁

Lisa တစ်ယောက် သူ့အတွေးနဲ့သူ ကျေနပ်ပြီး စိတ်သက်သာရာ ရသွားသလို အသက်ကိုပြင်းပြင်းရှူထုတ်ပြီး ပြုံးလိုက်မိသည် ။

" နောက်တစ်ယောက် လာပါမယ်နော် "

အခန်းတံခါးရှေ့က အမကြီးရဲ့ အော်သံကြောင့် မော့ကြည့်လိုက်တော့ သူ့ကို
ကြည့်နေတာမို့ သူ့အလှည့်ဆိုတာ သိလိုက်ရသည် ။ Lisa လက်သီးလေးဆုပ်ကာ
စိတ်ထဲကနေ ကိုယ့်ဘာကိုယ် အားပေးရင်း အခန်းထဲ ဝင်လာလိုက်သည် ။

Hall ခန်းကျယ်ကြီးထဲမှာ စားပွဲသုံးလုံးကို ခြောက်ပေလောက်စီ ခွာထားပြီး ထိုစားပွဲသုံးလုံးရဲ့ အရှေ့ အလယ်တည့်တည့် ဆယ်ပေလောက်အကွာမှာတော့ ထိုင်ခုံလေး တစ်ခု
ချပေးထားသည် ။ Lisa ထိုထိုင်ခုံပေါ် ဝင်ထိုင်လိုက်ပြီး စားပွဲသုံးခုကို မျက်စိအမြန်ကစားလိုက်သည် ။ တွေ့ပါပြီ ။

YOU , THE ONLY ONE - ITempat cerita menjadi hidup. Temukan sekarang