Those Changes

974 116 5
                                    


တိတ်ဆိတ်နေတဲ့ Agency ကြီးတစ်ခုလုံးမှာ Practice Room ထဲက သက်ပြင်းချသံလေးနှစ်ခုက အေးစက်နေတဲ့ လေထုကို ပိုပြီး ဖြစ်ပေါ်စေသည် ။
Lily ပန်းခတ်လေး လေးခတ်နဲ့  Chocolate Milk ဗူးလေးရယ် Ice Americano ခွက်လေးရယ်ကလည်း ငြိမ်သက်စွာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေသည် ။
သိသိသာသာ မှိုင်နေတဲ့ Jisoo မျက်နှာလေးကို LiLi ငေးမောနေပေမယ့် သူကတော့ တစ်ခုခုကို စဥ်းစားနေသလိုနဲ့  Lily ပန်းခတ်လေးကိုသာ အဓိပ္ပာယ်မဲ့ ငေးကြည့်နေသည် ။

Lisa Ji မျက်နှာလေးကို ကြည့်နေရင်းက
ဟိုနေ့က အတူတွေ့လိုက်ရတဲ့ ကောင်မလေးအကြောင်း မေးဖို့ စကားရွေးနေမိသည် ။ မျက်နှာမကောင်းတဲ့ Ji ကို
မေးသင့်မမေးသင့် အတွေး လွန်ဆွဲနေရင်း အချိန်တွေသာ ကုန်သွားတယ် ။
တစ်ယောက်ကမှ စကားလုံးတစ်လုံးမှ
မထွက်ကြလာသေး ။

Jisoo ငြိမ်သက်နေတဲ့ LiLi ကို သတိထားမိတဲ့အချိန်မှာပဲ လှမ်းကြည့်မိလိုက်တော့ LiLi ကလည်း သူ့ကို တစ်ခုခုပြောချင်နေပုံရတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည် ။

LiLi ရဲ့ မျက်လုံးစူးစူးလေးတွေကို မြင်တော့ ဟိုတစ်နေ့က Chaeyoung ပြောခဲ့တဲ့ စကားတွေက နားထဲပြန်ဝင်လာပြန်သည် ။

" Unnie yaa... သင်တန်းသူအသစ်တွေ ထပ်ခေါ်ထားတာလား ဟုတ်လား "

" အ... အင်း...ဟုတ်တယ်... "

" Unnie ခုနက အဲ့ကောင်မလေးနာမည်ကို ရွတ်လိုက်တယ်မလား ။ ဘာတဲ့ Li ဟုတ်လား ။ Unnie နဲ့ သိတယ်လား ။
ဘယ်သူလဲဟင် သူ့နာမည်က "

" ဟို.... LiLi တဲ့ ။ အပြည့်အစုံက Lalisa Manoban ။ သူ.. သူက ဒီက သင်တန်းသူအသစ်ပဲ... "

" Ommm... အဲ့ဒါကြောင့် တစ်ခါမှ မတွေ့ဖူးပါဘူးလို့ ။ ချောလိုက်တာ နော်... Unnie... သူကို Model ဖြစ်အောင် မြန်မြန်လုပ်ပေးလိုက်တော့နော်.. Unnie ဟီးဟီး.... Chae တကယ်ကြီး စိတ်ဝင်စားနေပြီ "

"  Chae.. Chae လေး တကယ်ရီး ပြောနေတာလား "

" အင်း... ဟုတ်တယ် Unnie ရဲ့ ။ Chae တစ်ခါမှ မဖြစ်ဖူးတဲ့ ရင်ခုန်တာကို ခုနက
သူ့ကိုတွေ့တော့မှ ခံစားလိုက်ရတာ ။ တကယ်မြင်မြင်ချင်း အချစ်ဆိုတာ တကယ်ရှိတာပဲ Unnie ရ ။ အာ... Unnie ကို ပေးထားတဲ့ ကတိတော့ Chae ဖျက်ရတော့မယ်ထင်တယ် ။ ကျောင်းမပြီးမချင်း ရည်းစားကိစ္စ စိတ်မဝင်စားပါဘူးဆိုတာလေ... ဟီးဟီး ။ အခုတော့ နှလုံးသားက ဆန့်ကျင်နေပြီထင်တယ် Unnie ရေ ။ တကယ် တကယ် သူ့မျက်လုံးလေးတွေကို အရမ်းချစ်တာပဲ.... အားးးးရင်ထဲကို ထိသွားတာ ။ ခဏလေးပဲ မြင်လိုက်ရတာကို ။ Unnie နောက်ခါကျ မိတ်ဆက်ပေးနော် ။ တကယ် တကယ် Chae တကယ်ပြောနေတာ ။ မိတ်ဆက်ပေးရမယ်နော် Unnie "


YOU , THE ONLY ONE - IWhere stories live. Discover now