Epilogue

1.8K 90 11
                                    

" Ji .... မထသေးဘူးလားလို့  ဒီနေ့ EVERLAND လိုက်ပို့မယ်ပြောထားတယ်လေ "

" Hmmm... "

နားနားလေးကပ်ပြီး ပါးလေးကို
တစ်ချက်နမ်းကာ ညင်ညင်သာသာလေး
နှိုးလိုက်ပေမယ့် အခုထိ အိပ်မက်မက်လို့ကောင်းနေတုန်းဖြစ်တဲ့ Ji ကတော့ အင်းသံ တစ်ချက်ပေးကာ ပါးလေးကို ပွတ်ပြီး
ဟိုဘက်တောင် လှည့်အိပ်သွားပါသေးတယ် ။

Lisa အိပ်ပုပ်လုပ်နေတဲ့ Ji ကိုကြည့်ကာ အူယားလာတာမို့ သူ့ကိုယ်ပေါ်တက်ဖိပြီး
နဖူးချင်းတိုက်လိုက်တော့ အိပ်မှုန်စုန်မွှားနဲ့ မျက်လုံးမဖွင့်ပဲ အော်တော့သည် ။

" အားးယားးးးး LiLi ကကွာ....
အိပ်နေတာကို... Ah.. Arhhh...
သူ့ခန္ဓာကိုယ်ကြီးနဲ့ တက်ဖိနေတာ အရိုးတွေ ကျိုးကုန်ပါပြီဟ... "

" ဟီးဟီး.... Ji က အိပ်ပုပ်လုပ်နေတာကို
ထမှမထတာ... ကဲပါ... ထပါကွာ Ji ရာနော်... LiLi ဗိုက်ဆာနေပြီ "

Lisa ပြောရင်းဆိုရင်းနဲ့ပင် Ji လက်ကို
ဆွဲထူလိုက်တော့ ထိုင်ရက်အနေအထားနဲ့ပင် မျက်လုံးမပွင့်တပွင့်နဲ့ Lisa ပခုံးပေါ်
ခေါင်းတင်ပြီး ဇိမ်ယူနေပြန်သေးသည် ။

တကယ် တကယ် Ji ကလေ
လက်ထပ်ပြီးမှကို ချွဲတတ်လာတာ ။
တခါတလေ သူက အငယ်လား ကိုယ်က အငယ်လားတောင် ပြန်မေးယူရသည်အထိ ကလေးလည်းဆန်လာသလို LiLi ကိုလည်း မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို အရမ်းကပ်လာခဲ့တာ ။
Agency မှာဆိုရင်လည်း Irene Unnie တို့ကတောင် မျက်စိနောက်လောက်ရတဲ့အထိ ဝန်ထမ်းတွေကြားပါမရှောင် ကဲစိန်လုပ်နေတာမို့ တခါတလေ Lisa တောင်
မျက်နှာပူရတဲ့အထိပါပဲ ။ တကယ်ပါလေ တစ်ခါတလေကျရင် Lisa လက်ထပ်ယူထားတာ တချိန်က Lisa တို့ချစ်ခြင်းကို
လူသိမခံချင်ခဲ့တဲ့ Kim Jisoo မှဟုတ်ပါလေစ လို့လည်း တွေးမိပါရဲ့ ။ အဲ့လောက်ထိကို Ji က ချစ်တတ်လာခဲ့တာ ။ အခုလည်း ဆင်တူဝတ်ချင်တယ်ဆိုပြီး ဝယ်ထားတဲ့ ယုန်ရုပ်လေးတွေပါတဲ့ Pajama အဖြူရောင်လေးတွေနဲ့ နှစ်ယောက်သား ကုတင်ပေါ်က
မထနိုင်သေး ။

" ဟာ... ဟေ့... ပြန်အိပ်သွားတာလား...
Ji ရာ...၁၀ နာရီတောင် ထိုးနေပြီကို...
မအိပ်နဲ့တော့ကွာ... "

YOU , THE ONLY ONE - IDonde viven las historias. Descúbrelo ahora