Those Problems

1K 100 8
                                    

" အင်း... ဟုတ်ပြီ ။ အဲ့ဒါဆို နောက်တစ်ပတ်ထဲ သွားနိုင်အောင် မန်နေဂျာ Kang Seulgi က စီစဥ်ထားလိုက်ပါ ။ ပြီးတော့ Celine က ကိုယ်စားလှယ်ကိုလည်း အတွင်းရေးမှူး Bae က ပြောပေးပါ ။ ဟိုမှာ အစစအရာရာဂရုစိုက်ပေးဖို့ ။ Brand Ambassador အဖြစ်ခန့်အပ်တဲ့ ပွဲမို့ အမိုက်ဆုံးဖြစ်အောင်တော့ Stylist Unnie တို့က Celine နဲ့ တွဲပြီး တာဝန်ယူပေးနော်... "

" Nae... CEO... စိတ်ချပါ ။ ကျွန်မတို့ အားလုံးအဆင်ပြေအောင် စီစဥ်လိုက်ပါ့မယ် "

" OK... ဒါဆို တခြားဘာကိစ္စ တင်ပြချင်တာရှိသေးလဲ "

" ဟုတ် မရှိတော့ပါဘူး CEO "

" ကောင်းပြီလေ ။ အဲ့ဒါဆို Meeting သိမ်းကြတာပေါ့ ။ ကိုယ့်နေရာကိုယ် ပြန်လို့ရပါပြီ ။ အားလုံးကျေးဇူးတင်ပါတယ် "

" Nae "

CEO ကို Bow လုပ် နှုတ်ဆက်လိုက်ကြပြီး Meeting Room ထဲကနေ အားလုံး အလျှိုအလျှို ထွက်သွားကြပေမယ့်
မထွက်သေးတဲ့ သူတွေကတော့ စူပုတ်နေတဲ့ မျက်နှာနဲ့ Jisoo ဘေးနား ထိုင်နေသူ အတွင်းရေးမှူး Bae ၊
တစ်ခုခုကို မေးမလို့ ပါးစပ်ပြင်နေတဲ့ မန်နေဂျာ Seulgi ၊
အပွားခံ အမေးခံရတော့မယ်ဆိုတာ သိလို့
မသိချင်ယောင်ဆောင်ကာ ခပ်တည်တည်နဲ့ လက်ထဲက စာရွက်ကို ဖတ်နေတဲ့ CEO Jisoo ။

" ဟို... Jisoo yaa... "

" Arhh... မေ့နေတာ... အစည်းအဝေးပြီးရင် Chae လေးဆီ ဖုန်းဆက်မယ်ပြောထားတာ... Seulgi yaa.. နောက်မှပဲ ပြောတော့... ငါ ဖုန်းဆက်စရာရှိသေးလို့ "

Jisoo စကားကို ဖြတ်ကာ အမြန်ထလစ်ဖို့ ပြင်လိုက်တော့ Irene Unnie ရဲ့
ဂြိုလ်ကြည့်က ရောက်လာသည် ။

" ဟဲဟဲ... အတွင်းရေးမှူး Bae... သွားနှင့်မယ်နော်... အရေးကြီးနေလို့ "

" ဘာမှ အရေးမကြီးဘူး... jiji ပြန်ထိုင်အုန်း... Chaeyoung ဆီက ဘယ်အချိန်ဆက်ဆက်ရတယ်... ပြောပါအုန်း မနေ့က ကိစ္စ "

" Ar.. Arrr... Unnie ကလည်း မနေ့က ဘာဖြစ်လို့... ဘာမှမဖြစ်ပါဘူး ဟဲဟဲ "

" ဘာ ဟဲဟဲ လဲ... Unnie ကို မနက်က လူတစ်ယောက် ဖုန်းဆက်ပြီး သူ့ကားနောက်မီးကွဲသွားလို့တဲ့ အလျော်တောင်းတယ်...
ငါ့ကားနဲ့ တိုက်သွားတာတဲ့ ဒီဖုန်းနံပါတ်ကိုဆက်ပြီး တောင်းလိုက်ပါဆိုလို့တဲ့...
ကဲ ပြော အဲ့ဒါ jiji မလား "

YOU , THE ONLY ONE - ITempat cerita menjadi hidup. Temukan sekarang