React ရရှိမှု 300.
"Fuck! တကယ်ကြီးတွဲနေကြတာလား"
Reply- " 50 "React ရရှိမှု 205.
"အဲ့တော့ အချစ်နဲ့က Officialချပြလိုက်ပြီပေါ့:3"
Reply - "87"reactရရှိမှု 459.
"ငါမယုံနိုင်သေးတာ မဟုတ်ဘူး ငါမယုံချင်ဘူး Wangကို ငါကယောကျာ်းလိုကိုချစ်တာ ဟု ဟု ဟု:!"
Reply - "125"react ရရှိမှု 1234.
"ဟေ့ လောင်းထားတဲ့ အုန်းသီးမတွေ ဘယ်ပျောက်ကုန်ပြီလဲ Post မြင်ပြီး မခံစားနိုင်လို့ သေကုန်ကြပြီလား Ha Ha!!"
Reply - "300"react ရရှိမှု 1500
"Fuck! ငါတို့ Ge Ge ကိုယ်တိုင် မဖြေရှင်းပေးသရွေ့ ငါတို့မယုံဘူးကွာ"
Reply- "678".....
.....
Xiao Zhan ခပ်ပြုံးပြုံးဘဲ သူ့Postအောက်မှာ တစ်တောင်တောင်နဲ့ တက်နေတဲ့ မှတ်ချက်တွေကို ဝင်ကြည့်နေလိုက်တယ်။ အမှန်တကယ်ကြီးကို သူအရမ်းပျင်းးနေတာ။
Wang Yiboက သူ့ရှေ့က ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ပြီး ဆေးလိပ်ဖွာနေတဲ့ Xiao Zhanကိုစိတ်ပျက်သလိုကြည့်ပြီး လက်ထဲက ဆေးလိပ်က်ု ဆွဲယူပစ်လိုက်တယ်။
"တစ်လအတွင်း ဆေးလိပ်မသောက်ရသေးဘူးလို့ ဒေါက်တာမှာထားတယ် Xiao Zhan"
"မောင်ကလည်း ငါတစ်ဖွာလောက်ဘဲ ဖွာရုံ"
"ကျစ် ခင်များ အဲ့လိုမခေါ်စမ်းနဲ့ဗျာ"
Wang Yibo စကားအဆုံး Xiao Zhanရဲ့ မျက်နှာက တစ်ချက်မဲ့သွားတယ်။ မကြိုက်တာလည်း မဟုတ်ဘဲနဲ့က်ု ခွေးကောင်။
"ဟေ့ စိတ်ထဲမှာ ကျိတ်ဆဲမနေနဲ့ "
"အကုန်လည်း သိနိုင်နေတာဘဲ"
Xiao Zhan ခပ်တိုးတိုး ရေရွတ်တယ်။
"ဒီတစ်လော ခင်များ အရမ်းအားနေတဲ့ပုံဘဲ"
Wang Yiboက မဲ့နေတဲ့ Xiao Zhanကို ခနဲ့လာတယ်။ Xiao Zhan ကို သွားမစွရရင် ညအိပ်မပျော်နိုင်ဘူး ထင်ပါရဲ့။
"မဟုတ်ဘူး ငါတမင်တကာကို အနားယူနေတာ အားပြန်ပြည့်ရင် ကုတ်ချောင်းကုတ်ချောင်းနဲ့ ခွေးကြံကြံတဲ့ ခွေးတစ်သိုက်ကို ရှင်းရအုံးမယ်"
စကားအဆုံး Xiao Zhanရဲ့ ဘယ်ဘက်နှုတ်ခမ်းတစ်ဖက်က အပေါ်ကို ကွေးတက်သွားတယ်။ ကြည်လင်နေတဲ့ မျက်လုံးတွေထဲမှာ လောင်ပြောင်မှုအပြည့်။
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
FanfictionCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.