"ရောက်ပြီ Baby"
"ခင်များ ကျွန်တော့်ကို ဘယ်ခေါ်လာတာလဲ"
လက်ဆွဲရာ ပါလာရတဲ့ ကောင်လေးက အမေးဆိုတယ်။
"Baby ကြားရလား ၊ လှိုင်းပုတ်သံတွေ"
ချစ်ရတဲ့ ကောင်လေးရဲ့ ဆံသားကို ပွတ်လို့ မျက်နှာချင်းဆိုင်ကာ ပြန်မေးလိုက်တော့၊
တအံ့တသြ ထွက်လာတဲ့ အမေးသံလေး။
"ပင်၊ ပင်လယ်ကြီးလား"
ယွီ ပြုံးလိုက်ကာ၊ အောက်က သဲပြင်ပေါ် ချစ်ရတဲ့ လူသားလေးကို နေရာချပေးလိုက်တယ်။
"လာ ဒီသဲပြင်ပေါ်မှာ ထိုင်ရအောင်"
"အားးး ခင်များဗျာ ၊ ဒီကို လာမယ်ဆို ကြိုပြောပေါ့"
သူ့လက်မောင်းကို ဆွဲထိုးလို့ မကျေနပ်ကြောင်း ရန်ထောင်တယ်။
"အဟင်း ကိုယ်သာ ကြိုပြောရင် Baby အတွက် Suprise မဖြစ်တော့ဘူး၊ baby ပြောတယ်လေ ၊ ပယ်လယ်ကြီးရဲ့ လေကို တဝကြီး ရှူချင်တယ်ဆို"
"အဲ့တာနဲ့ဘဲ ဒီကာလကြီး ခေါ်ခဲ့ရတာလား၊ တော်ကြာ ရေကြီးမှ ကျွန်တော်တို့နှစ်ယောက် ရေထဲပါသွားအုံးမယ် "
"ဟားး ဟားး ဘယ်လိုတောင် တွေးပစ်လိုက်တာတုန်း၊ ကိုယ် မိုးလေဝသ ကြည့်ခဲ့ပါတယ် Baby ရ"
"ဟွန်းး" ဒီလိုပြောတော့ ချစ်ရတဲ့ ကောင်လေးက မျက်လုံးကြီး မှိတ်လို့ နှာခေါင်းရှုံ့တယ်။ ချစ်ဖို့ကောင်းလိုက်တာ ကိုယ့်ရဲ့ ယွင်က။
"ရေထိချင်လား baby"
"အင်း၊ ကျွန်တော့်ကို ခေါ်သွားပေး "
"Ok"
"အာ အကို!!!!"
ဆက်ခနဲ ကောက်ပွေ့လိုက်တော့ သူ့အတွက် နီညိုရောင် နှုတ်ခမ်းပါးက ထွက်လာတဲ့ အာမေဠိတ် အသံက အကိုတဲ့။
"ပြွတ် နောက်လည်း အဲ့လိုဘဲ ခေါ်ရမယ် baby "
"No !"
"စကားနားမထောင်ရင် ကိုယ်က ရေထဲ ပစ်ချလိုက်မှာနော် "
"ကျွန်တော်က ကြောက်မယ်ထင်နေတာလား ဟားး ဟားး ၊ ရပြီ အောက်ချပေးတော့၊ ကျွန်တော် ရေထိချင်လာပြီ"
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
FanfictionCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.