________I'm back.Underware- အတွင်းခံ။
Jet- ဂျက်လေယာဉ်။
Operation- ခွဲစိတ်ခန်း။________I'm back.
'Zhan ငြိမ်ငြိမ်ထိုင်နေနော် ၊ ကျွန်တော် ခြေသည်းညှပ်ပေးမယ်"
9 months.[ February ]
Xiao Zhan ဗိုက် လုံးလုံးလေးက 9 လထဲ ဝင်လာခဲ့ပြီ ။
နောက်တစ်လဆို Baby ပုစိလေးက အပြင်ထွက်လာတော့မည် ဖြစ်သည်။
"Zhan ခင်များ ခြေထောက်တွေ ဖောင်းနေတယ် ၊ အဆင်ပြေရဲ့လားဗျာ "
Xiao Zhan ခြေဖမိုးကို လက်ဖြင့် ခပ်ဖွဖွ ထိရင်း Yibo မေးမိသည်။
"မွေးခါနီး မို့လို့ပါ ငါ့ယောကျာ်းရ ၊ အရမ်း စိတ်မပူနဲ့ "
အပြုံးနဲ့ ဖြေနေတဲ့ Xiao Zhan စကားအား Yibo Reply မပြန်ဖြစ်ပါ။ခေါင်းဆက်ပြရုံသာ တတ်နိုင်သည်။
သူဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်ပါ့မလဲ?
normal ကိုယ်ဝန်ဆောင်အမျိုးသမီး တွေတောင် မွေးခါနီး အခက်အခဲတွေ ကြုံတွေ့ရတတ်သေးတယ် မဟုတ်ပါလား။
ယောကျာ်းလေး ကိုယ်ဝန်ဆောင် ဖြစ်တဲ့ သူ့ လူကြီးကို Yibo တကယ် စိတ်ပူမိပါသည်။
ဘယ်လောက်ဘဲ strong ဖြစ်နေပါစေအုံး ၊ ကိုယ်ဝန်ဆောင်နေစဉ် အတောအတွင်းမှာတော့ စိတ်အားငယ်တတ်ကြသည်ဟု ပါးပြောလို့ Yibo သိရသည်။
"အများကြီး မတွေးနဲ့ Yibo ၊ ငါတကယ် အဆင်ပြေတယ်၊ မင်းက ငါ့ကို ဖူးဖူးမှုတ်ထားမှတော့ ဘာဖြစ်စရာ အကြောင်းရှိအုံးမှာလဲ ဟ ဟ "
မျက်နှာမကောင်းတဲ့ ချစ်ရသူ၏ နှာခေါင်းလုံးလုံးလေးအား အားရပါးရ ဆွဲညစ်ကာ ပြေရာပြေကြောင်း ပြောလ်ုက်တော့ Xiao Zhanအား မော့ကြည့်လာတဲ့ မျက်ဝန်းတစ်စုံမှာ မျက်ရည်စတွေ ရစ်ဝိုင်းနေသည်။
အော် ဝမ်းနည်းတတ်ရန်ကော ငါ့ယောကျာ်းရယ်။
"ဝေ့ ငိုတော့မလို့လား 6နှစ်သားလေးက "
"မသိဘူးဗျာ ၊ ကျွန်တော် တကယ် ငိုချင်နေတာ "
"မင်းကတော့ "
ခြောက်နှစ်သားလေး၏ ရစ်ဝိုင်းနေတဲ့ မျက်ရည်စတွေကို Xiao Zhan လက်မနဲ့ ဖိသုတ်ပေးဖြစ်သည်။
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
ФанфикCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.