Part 10(22/7/Thu)

11.8K 1K 4
                                    

အချိန်အားဖြင့် ညနေ4:00

"ခင်များ အဲ့တာကို ချက်ဖို့ဆော့အများကြီးသုံးစရာမလိုဘူးလေ"

"အာ အဲ့လိုလား"

ဈေးဝယ်စင်တာကအပြန် အိမ်ရောက်တော့ ခနတစ်ဖြုတ်တောင်မနားဘဲ  Xiao Zhanက Yiboက်ု ဟင်းချက်သင်ခိုင်းသည့်အတွက်ကြောင့် မြန်မြန်တတ်လွယ်တဲ့ အသားသုတ်တစ်ပွဲထွက်လာအောင် သင်ပေးနေခြင်း။

"Yibo ငါ အဲ့နေ့ကျ မင်းကျေးဇူးနဲ့ ဟင်းကောင်းကောင်းတစ်ခွက် ထွက်လာအောင် လုပ်နိုင်မယ်ထင်တယ်"

အေပရွန်အဝါလေးဝတ်လျက် အားကြိုးမာန်တက်ပြောနေတဲ့ Xiao Zhan,

"အင်း အာရုံစိုက် အသားပြားတွေတူးသွားမယ်"

Wang Yiboလည်း Xiao Zhanနည်းတူ ဧပရွန်အဝါလေးဝတ်ထားသည်။

"ဒါနဲ့ ဘာလို့ ငါ့ကို အသားသုတ်နည်းဘဲသင်ပေးရတာတုန်း"

Xiao Zhanက ဒီတိုင်းမေးလိုက်ခြင်းရယ်...,

"အဟမ်း ဒါကလွယ်ကူပြီး စားကောင်းတယ်လေ ခင်များဆယ်လို့ရနေပြီ ဒီထက်အပူမိသွားရင် စားရတာ အရသာပြည့်စုံမှာမဟုတ်ဘူး"

ကင်ထားတဲ့ အသားပြားတွေဆီ အကြည့်ပို့ရင်း Wang Yiboက Replyပြန်တယ်။

Xiao Zhanလည်း ဘားမှထပ်မမေးတော့ဘဲ လျှပ်စစ်မီးနဲ့ ကင်ထားတဲ့ အသားပြားတွေကို ဆယ်နေလိုက်ရင်း....,

"Fuck! "

Xiao Zhanဆီက အသံထွက်လာတယ်။

"ကျစ် လက်ပူသွားတာမဟုတ်လား ပြကြည့်"

Xiao Zhanလက်ကိုဆွဲယူရင်း နီနေတဲ့ လက်ဖမိုးလေးကို Wang Yiboက သူ့နှုတ်ခမ်းနဲ့ ခပ်ဖွဖွမှုတ်ပေးတယ်။

"အရမ်းမပူဘူးရယ် ရုတ်တရပ် အသားပြားက လက်နဲ့ထိသွားရုံပါ"

Yiboမျက်နှာက တကယ်ကြီးသူ့ကိုစိတ်ပူတဲ့ပုံပေါ်တာကြောင့် Xiao Zhanဖြေရှင်းချက်ပေးမိတယ်။ တကယ် ပူသွားတယ်ဆိုပေမဲ့ အဲ့လောက်ကတော့ ဘားမှမဟုတ်ဘူး..., အရင်တုန်းက မြို့ပတ်ပြီးရန်ဖြစ်နေတုန်းကနဲ့ယှဉ်ရင် ဒီလောက်က ပမွှားလေး။

"အဟမ်း Yibo အသားပြားတွေက အနံ့ပြောင်းနေပြီ"

"ဟမ် Fuck! တူးပြီနေမှာ "

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now