မင်း ပတ်ထားတဲ့ နာရီက ကုန်ဆုံးသွားတဲ့ နာရီပေါင်းများစွာကို မင်း သိစေဖို့ ဖော်ညွှန်းတယ်။
နံရံပေါ်မှာ ချိတ်ထားတဲ့ ပြက္ခဒိန်က ပြီးဆုံးသွားတဲ့ ရက်တွေ ၊ လတွေ ၊ နှစ်တွေ နှင့် ထပ်ခါ ထပ်ခါ ပြန် ရောက်ရှိလာမဲ့ ရက်တွေ ၊ လတွေ ၊ နှစ်တွေကို ညွှန်ပြပြန်တယ်။
မင်း ဆုတ်ဖြဲလိုက်တဲ့ ရက်စွဲ ပါတဲ့ စာက္ကူအပိုင်းအစတွေ လိုပေါ့ ၊ အမှိုက်ပုံးထဲ ရောက်သွားတဲ့ ရက်စွဲတွေက တန်ဖိုးမဲ့ကုန်တဲ့ အဖြစ်မျိုး ။
အမှန်တော့ သူတို့မှာ ကြီးမားတဲ့ တန်ဖိုးတွေ ရှိပါတယ်။ တန်ဖိုးမဲ့အောင် လုပ်လိုက်တာက မင်းကိုယ်တိုင်ဖြစ်နေတဲ့ အခါ။
စက္ကူတွေကို အမှိုက်ပုံးထဲ မထည့်ခင် ဒီနှစ်အတွင်း ငါဘာတွေ လုပ်ပြီးပြီးလဲလို့ မင်းတွေးကြည့်ဖူရဲ့လား။
အချိန်တွေက သူ့ဟာသူ လှည်ပတ်နေတာ ဖြစ်တယ်။
ထို့ကြောင့်.....၊
________I'm Back.
ဝီးချဲလ်ပေါ်မှာ ထိုင်နေသည့် ကောင်လေးတစ်ယောက်၊
ထိုကောင်လေးသည် ဘီယာစပ်နေသည့် Internal စူပါစတားကြီးအား ခပ်လှမ်းလှမ်း တစ်နေရာမှ ငေးကြည့်နေသည်။
အရပ်ရှည်ရှည်နှင့် ထိုသူသည် အလွန် ကြည့်ကောင်းသည်။အွန်း ဘယ်လို နာမ်စားသုံးရပါ့ ၊ ခဲအို ။
သူက အဲ့လို သတ်မှတ်ရင်ကော တစ်ဖက်လူက အသိအမှတ်ပြုပေးပါ့မလား။
မိနစ်ပိုင်းမျှကြာတော့ Internal စူပါစတားကြီး၏ ဘေးနား ပိန်ပိန်ပါးပါးနှင့် ခပ်ချောချော အမျိုးသားတစ်ယောက် ရောက်လာသည်။ လှမ်းမြင်နေရတဲ့ အပြုံးတွေအရ နှစ်ယောက်သားက အချစ်စမ်းနေကြပြန်ပြီ ထင်ပါရဲ့။
ဒီလို လိုက်ဖက်လွန်းလှတဲ့ လူနှစ်ယောက်ကို သူ ဘာစိတ်နဲ့များ ခွဲပစ်ဖို့ ကြံစည်ခဲ့ရတာပါလိမ့် ။ ဟုတ်မယ်၊ အဲ့ချိန်တုန်းက သူ့ brain ထဲမှာ ခွေးချီးတွေ ပြည့်နေခဲ့တာ။
ပြန်တွေးမိတိုင်း အကို ဖြစ်သူ အပေါ် သူ အပြစ်ရှိတယ်လို့ ခံစားရတယ် ၊ ခုလည်း ခံစားနေရတုန်း ။ နောင်လည်း ခံစားရနေအုံးမှာ ။
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
FanfictionCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.