စိမ်းညို့ရောင် Dressရှည်နဲ့ ကုလားထိုင်ပေါ် ခြေချိတ်ထိုင်ကာ စီးကရက်ဖွာနေတဲ့ သူမ...,
သူမရဲ့ ရှေ့မှောက်မှာတော့ အသက် 20အရွယ်
မျက်မမြင် ကောင်လေးတစ်ယောက် တည်ငြိမ်စွာ ထိုင်နေတယ်။"ကျွန်တော့် တာဝန်ပြီးပြီ ထင်ပါတယ် Madam, နှုတ်ဆက်ပါတယ်"
သူမရှေ့က ကောင်လေးဆီ အကြည့်ပို့မိတယ်, လှပတဲ့ မျက်တောင်တွေ ဝန်းရံနေတဲ့ မျက်လုံးတစ်စုံက ချစ်ရသူရဲ့ မြတ်နိုးမှုတွေကို မမြင်နိုင်တာ သိပ်နှမြောဖို့ ကောင်းတာဘဲ။
"နှုတ်ဆက်တာ မစောလွန်းဘူးလား ကောင်လေး Xiao Zhanက ခုမှ ပွဲထဲဝင်လာတုန်းရှိသေးတယ်"
"ပွဲရဲ့ ရလဒ်ကို Madam သိမယ်ထင်တယ်, လက်မခံနိုင်သေးတာဘဲ ရှိတာ၊ ခုဆို Madam ရဲ့သားက အကုန်လုံးသ်သွားလောက်ပြီ "
ထိုကောင်လေးက အေးဆေးစွာ ထိုစကားကို ဆိုလာခဲ့ပြီး , လာရာလမ်းအတိုင်း ထပြန်သွားတယ်။
ကျန်နေခဲ့တဲ့ အမျိုးသမီးက ဆွဲမက်ဖွယ်ကောင်းတဲ့ အပြုံးတစ်ခုကို လှပတဲ့ နှုတ်ခမ်းတစ်စုံထက်မှာ ချိတ်ဆွဲကာ,
"နှစ်ကြိမ်မဟုတ်ရင် သုံးကြိမ်ပေါ့ "
ဘေးက အကြည်ရောင်ခွက်ကလေးထဲမှာတော့ ချေမွခံလိုက်ရတဲ့ စီးကရက် အတိုအထွာများစွာ....,
....
....
"Baby ဘယ်သူနဲ့ တွေ့ပြီး ပြန်လာတာလဲ"
မေးလာတဲ့ အောရှရှ အသံမှာ ဒေါသအငွေ့အသက်တွေ သူခံစားမိတယ်,
ဒီနေရာမှာ ဘယ်သွားတာလဲလို့ မေးသင့်တာ မဟုတ်ဘူးလား အကို...,
"ကိုယ်မေးနေတယ်လေ !"
မေးတဲ့သူကသာ မေးနေပေမဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်ငယ်လေးက ဘားမှ မကြားသလို အပြုအမှုမျိုးနဲ့ အခန်းထဲ ဝင်သွားလေရဲ့။
"သတိထား အရှေ့မှာ ရေတွေဖိတ်ထားတာ"
ပြောရင်း ကောက်ပွေ့လိုက်တော့ ချစ်ဖို့ကောင်းတဲ့ ကောင်လေးရဲ့ မျက်နှာက ပန်းရောင်သန်းလာတယ်,
သူ မထင်ထားတဲ့ အပြုအမှုကိုးး.....,
"ခင်များ ပြန်တော့"
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
FanfictionCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.