"အမားသားက အမားဆီကို မလာစဖူး လာလည်လို့ပါလား, အမျိုးသားကော မပါဘူးလား၊ "
ဘောင်းဘီအိပ်ကပ်ထဲ လက်နိုက်လို့ Yibo သူ့မားကို သေချာကြည့်မိတယ်၊
အမြဲ ချောမောနေတဲ့ သူမက အစဉ်အလာမပြတ် ကြည့်ကောင်းနေဆဲ၊
အစိမ်းပုတ်ရောင်ကို သဘောခွေ့တဲ့ Yibo မားက ဒီနေ့လည်း အစိမ်းပုတ်ရောင် ဂါဝန်ကို ဝတ်ဆင်ထားတယ်၊
မီးဖိုချောင်းထဲက တစ်ဆင့် နူးညံ့တဲ့ အပြုံးတွေနဲ့ အပြစ်ကင်းဖွယ်ပြောနေတဲ့ မားကို Yibo တကယ် အံ့သြမိပါတယ်၊
သူ့မားရဲ့ ဒီလို အပြုအမူကို သူသိတတ်စ အရွယ်ကနေ သတိထားလာမိခဲ့တာ၊
သူ့နောက်ကွယ်မှာ သူနဲ့ပတ်သက်တဲ့ တစ်စုံတစ်ရာကို ပျောက်ကွယ်သွားအောင် လုပ်ပြီးပြီဆိုတိုင်း မားက ဒီလို အမြဲတမ်း ချစ်ဖို့ကောင်းအောင် ပြုံးပြတတ်တယ်။
"ကျွန်တော် ဧည့်ခန်းမှာ စောင့်နေမယ် မား"
သူမက ပါးတွေ မို့တက်သွားအောင် ထပ်ပြုံးတယ်၊
"OK, ချက်လက်စလေး ပြီးရင် မား လာခဲ့မယ်, သားအခန်းမှာဘဲ စောင့်နေလိုက်ပါ"
....
....
....
Yibo မရောက်ဖြစ်တာ အတော် ကြာပြီဖြစ်တဲ့ အိမ်အပြင်အဆင်က အရင်အတိုင်း ၊
အပြုံးတွေ ဝေဆာနေတဲ့ မိသားစု ဓာတ်ပုံကလည်း ဖုန်းမှုံ့ တစ်စက်မရှိ ရှင်းလင်းလို့၊
မားက နေ့စဉ် သန့်ရှင်းရေးလုပ်တယ်နေမှာ၊
ဓာတ်ပုံက Yibo ငါးနှစ်အရွယ်တုန်းက ကမ်းခြေတစ်ခုမှာ ရိုက်ထားတာ၊
အပေါ်ထပ် ဘေးစွန်းမှာ ရှိတဲ့ အခန်းထဲကို Yibo ဝင်လာခဲ့လိုက်တယ်၊
အစိမ်းရောင်တွေ ပြည့်နှက်နေတဲ့ အခန်းက Yibo ရဲ့ ငယ်ဘဝ အမှတ်တရတွေကို သတိရစေတယ်၊
ဒီအခန်းမှာနေပြီး မားကို စိတ်ကောက်ဖူးတယ်၊
ဒီအခန်းမှာနေပြီး အမှတ်ကောင်းကောင်း ရဖို့အတွက် အပတ်တကုတ် စာကျက်ခဲ့ရတဲ့ နေ့ရက်တွေ ရှိခဲ့ဖူးတယ်၊
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
Fiksi PenggemarCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.