Part 15(30/7/Fri)

10K 879 10
                                    

"ဆရာ...တစ်ဖက်က စလှုပ်ရှားလာပါပြီ"

လူယုံရဲ့ စကားအဆုံး ကျားကွက်ဆော့နေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေ ခနရပ်တန့်သွားတယ်။

"Wang ရဲ့ အမျိုးသား..."

အတူကစားပေးနေတဲ့ တဖက်အမျိုးသားက အတည်ပြုချင်သလို ပြောလာတယ်။

"Ok, မင်းသွားလို့ရပြီ, ဆက်စောင့်ကြည့်ထားလိုက်အုံး"

သူ့စကားအဆုံး လူယုံက ခေါင်းငုံ့အရိုသေပေးပြီး ထွက်သွားတယ်။ ကျန်နေတာက သူရယ် တစ်ဖက်ကလူရယ်။

"ဘာတွေလုပ်နေတာလဲ Baby"

တစ်ဖက်လူက အမေးရှိလာတယ်။

"ကျွန်တော့်လိုမျက်မမြင်က ဘာတွေလုပ်နိုင်မယ်လို့ ခင်များထင်နေတာလဲ "

"တစ်ခုခုဆို ကိုယ့်ကိုပြော Baby, တစ်ခုဘဲ Wang ရဲ့ အမျိုးသားကိုတော့ သွားမထိပါနဲ့ , အဲ့လောက်ဘဲ ကိုယ်ပြောချင်တယ်"

တစ်ဖက်လူက လေပူတွေမှုတ်ထုတ်လိုက်တဲ့ အသံကို သူကြားနေရတယ်။ စိတ်ပျက်နေပြီထင်ပါရဲ့..., ဒါဆို ဘာလို့အနားမှာ ကပ်နေသေးလဲ..., ထွက်သွားပါတော့လား!

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်, ကိစ္စမရှိရင် ပြန်ပါတော့"

"ဘာလို့ ကိုယ့်ကိုအမြဲမောင်းထုတ်နေရတာလဲ baby, ကိုယ်က babyနဲ့ အတူရှိချင်တာ"

"ကျွန်တော်အမှားတစ်ခုခုလုပ်ခဲ့ရင် ခင်များကျွန်တော့်ဘက်က ရပ်တည်ပေးမှာလား, ဘာရယ်လို့မဟုတ်ပါဘူး ဒီတိုင်းသိချင်လာလို့"

"အဲ့တာက babyလုပ်တဲ့ အမှားပေါ်မှာ မူတည်နေတယ်"

စိတ်ပျက်ဖို့ကောင်းလိုက်တဲ့အဖြေ! အကို ခင်များက ကျွန်တော့်ကို မချစ်ပါဘူး။ အဲ့တာက စွဲလမ်းမှုတစ်ခုသာသာဘဲ။

"Xiao မျိုးဆက်ကို ထိချင်နေတာ ကျွန်တော်မဟုတ်ဘူး,ကျွန်တော်က ဖြတ်လျှောက်ရုံသာ! ဘာလဲ အချစ်ဦးကို လက်ရှိချစ်သူက ထိမှာ သိပ်ကြောက်နေတယ်ပေါ့ ဟက်"

"ကိုယ်က မင်းကိုစိတ်ပူရုံတင်ပါ ကလေးရယ် , ဘာတွေကများ အဲ့လိုအတွေးဝင်စေရတာလဲ Baby"

တဖက်လူက သူ့ကိုထွေးပွေ့လို့ ဆိုတယ်။

ဒါက နှစ်သိမ့်ပေးမှုသက်သက်လို့ ကျွန်တော်သတ်မှတ်တယ် , အကို။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now