ဖန်ခွက်ထဲ ရေငှဲ့ထည့်နေတဲ့ Xiao Zhan ၊
သူ့ ယောကျာ်းက ခင်များ ရေများများသောက်သင့်တယ်လို့ ပြောသွားတယ် မဟုတ်လား။
နောက်ပြီး မျက်လုံးထောင့်စွန်းကနေ ချစ်ရတဲ့ ယောက္ခမကြီးက သူ့ကို မျက်လုံးဒေါက်ဒေါက် ကြည့်နေတာ မြင်နေရတယ်။
ဒါပေမဲ့ Xiao Zhanက သူမကို ရှိတယ်လို့တောင် အသိမှတ် မပြုပါ။
Xiao Zhan လည်း ခပ်ရှင်းရှင်းဘဲ၊ သူကြင်မှ ကိုယ်ကြင်။
ရေသောက်ပြီးတော့ Xiao Zhan အေးအေးဆေးဆေး လှည့်ထွက်လာခဲ့လိုက်တယ်။ပြောစရာရှိရင် သူမ ပါးစပ်ဟလာလိမ့်မယ်။ ထွေထွေ ထူးထူး လုပ်မနေတော့ဘူး။ အဲ့လို နှုတ်ဆက်ရလောက်အောင် သူတို့ ဆက်ဆံရေးက positive ဖြစ်နေတာလဲ မဟုတ်။
"Mr.Xiao "
စက္ကန့်ပိုင်း မကြာဘူး ၊ ယောက္ခမကြီးဆီက အသံထွက်လာပါပြီ ။ Xiao Zhan သူမကို အေးစက်စက် ကြည့်လိုက်ကာ၊ အပေါ်ထပ် အင်ကျီအိပ်ထောင်ထဲ လက်ထည့်လိုက်သည်။
"ဟုတ်ကဲ့၊ ပြောပါ Madam"
Xiao Zhan ပြန်ဖြေသံက ရေသေလို တည်ငြိမ်နေလျက်။
"လက်က အမာရွတ်ကျန်ခဲ့တာဘဲ အဟင်း"
ပြောလာတဲ့ မျက်ဝန်းတွေက လှောင်တဲ့ သဘောကိုဆောင်တယ်။
"ဒါပေါ့ ၊ ဒါမှ ကျွန်တော့်ယောကျာ်း Madam ရဲ့ သားက အမြဲတမ်း မှတ်မိနေမှာလေဗျာ "
စကားအဆုံး Xiao Zhan နှုတ်ခမ်းအစွန်းတစ်ဖက်က ညာဘက်ကို ကော့တက်သွားတယ်။ သူ ဒါကို သေချာ လုပ်ခဲ့တာ။ သူ့ယောက္ခမက လျှော့တွက်လွန်းနေတယ်။
[လက်ကို ဓားနဲ့လှီးတာကို ပြောတာပါ]
"မင်းး!!"
သူမ မျက်လုံးတွေ နီရဲနေတယ်။
မိန်းကပ်တောင် မလိမ်းထားပုံ ရတဲ့ မျက်နှာက လှလွန်းပါတယ်။ သို့သော် အတ္တကြီးလွန်းသွားရင်တော့ Xiao Zhan မပြောနဲ့ ဘေးခြံက ခွေးတောင် မနှစ်မြို့ဘူး၊ Sorry သူ နည်းနည်း ရိုင်းသွားတယ်။
" ကျွန်တော် တစ်ခုလောက် ပြောပြချင်တယ်၊ Madam က ကျွန်တော့်ယောကျာ်းနဲ့ ပတ်သက်ရင် အရမ်း sensitive ဖြစ်လွန်းနေတယ်၊ ဒါက ကြာရင် Yiboနဲ့ Madamရဲ့ ကြားမှာ မလိုလားအပ်တဲ့ ဆက်ဆံရေးတွေ ဖြစ်တည်လာအောင် အစပျိုးပေးနေသလို ဖြစ်နေပြီ ဆိုတာကော သိရဲ့လား ဟက်! "
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
FanfictionCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.