"Congratulation ၊ Mr.Wang Yibo ၊ Mr.Xiao Zhan"
ဒေါက်တာကြီးက Xiao Zhanနဲ့ Yibo ကို အပြုံးနဲ့ ကြည့်လာပြီး ဂုဏ်ပြုစကားဆိုသည်။
"ကလေးက ယောကျာ်းလေးပါဗျ"
အက်ထရာဆောင်း ရလဒ်ကိုကြည့်ပြီး ကြည်နူးနေတဲ့ Yibo ခေါင်းကို ဆွဲကိုင်ကာ ပါးဖောင်းဖောင်းလေးပေါ် Xiao Zhan နှုတ်ခမ်း အပ်လိုက်သည်။
မင်းပျော်ရင် ငါလည်းပျော်တယ် ။
__________I'm Back.
"Zhan ခင်များ အိပ်ချိန်ရောက်နေပြီဗျ"
Xiao Zhan အနား အတူ သွားထိုင်ရင်း Yibo ပြောလိုက်သည်။ Yibo အလုပ်ခန်းထဲက ထွက်လာတဲ့အချိန်ထိ Xiao Zhanက TV ရှေ့က မခွာသေးပါ။
"ငါသိတယ် ၊ ဒီမှာ ပွဲကောင်းနေသေးလို့ "
TV ထဲမှာ အကြိတ်အနယ် နပန်းလုံးနေကြတဲ့ အာရှသား နှစ်ယောက်ကို စိတ်ဝင်တစားကြည့်ရင်း Yiboရဲ့ အမျိုးသားက ဆိုသည်။
Xiao Zhan ရဲ့ ကိုယ်ဝန် 7လ ရှိပြီ။ ဒီနောက်ပိုင်း Zhanက လက်ဝှေ့ကားတွေ အကြည့်စိတ်လာတယ်။
သူမှန်းထားတဲ့ တစ်ယောက်နိုင်သွားခဲ့ရင်လည်း Zhanက နှုတ်ခမ်းတွန့်ရုံ ပြုံးတတ်သေးတာ။
"ကိုယ့်သားလေးကတော့ မွေးလာရင် နပန်းသမားနဲ့ သွားတူနေတော့မှာဘဲ Zhan"
Xiao Zhanကို စောင်သေချာ ခြုံပေးရင်း Yiboက စပ်ဖြဲဖြဲမျက်နှာဘေးနဲ့ ပြောလာသည်။
"ရော် ငါ့ဗိုက်ထဲက ကလေးက မင်းနဲ့ရတာဆိုတာ မမေ့နဲ့ မောင် "
ကြည့် ၊ အဲ့လိုတွေ ဘုကလန့် တိုက်တာပါဆို ကျွန်တော့် Xiao Zhan က ။
"ဟုတ်ပါတယ် ၊ မောင်က စကားအဖြစ်ပြောတာပါ "
Xiao Zhan ပါးပြင်နုနုကို ငုံ့နမ်းကာ Yibo စာအုပ်စင်ဘက် လျှောက်သွားလိုက်တယ်။
"ဒီနေ့ ဘာပုံပြင် နားထောင်ချင်လည်း honey"
"Harry"
"မဖြစ်ပါဘူး ၊ ကျွန်တော့သားလေး အပြင်ထွက်လာလို့ တံမြတ်စီးပျံ စီးချင်သပါ့ဆို Zhan ဘယ်လို လုပ်မလဲ "
စာအုပ်စင်မှာ စာအုပ်ရွေးနေရင်း Yibo က ခေါင်းယမ်းတယ်။
"မင်းက သူဌေးဘဲ ၊ အဲ့ကျရင် Chil - Jet တစ်စီးလောက် မှာပေးလိုက်ပေါ့ "
![](https://img.wattpad.com/cover/273087801-288-k782383.jpg)
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
FanfictionCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.