ရေချိုးခန်းအလည်တည့်တည့်က မှန်ရှေ့မှာ ရပ်လို့ ကုတ်ခြစ်ရာတွေနဲ့ပြည့်နေတဲ့ သူ့နောက်ကျောက်ု Wang Yibo လှမ်းကြည့်မိသည်။
ဒီတစ်လော အင်ကျီချွတ်ရိုက်ရတဲ့ ကြော်ငြာတွေကို ရပ်နားထားရမယ်။
....
....
....
သူရေချိုးပြီး အပြင်ထွက်လာတော့ Xiao Zhanက အ်ပ်နေတုန်း......,
အရောင်လွင့်နေတဲ့ နဖူးပေါ် လက်တင်ပြီး စမ်းကြည့်လိုက်သည်။ ခံနိုင်ရည်အားကောင်းလွန်းတာလား အကျင့်ဖြစ်သွားတာလားတော့မသိဘူး......, Xiao Zhan အပူချိန်က ပုံမှန်ဘဲ......,
"မင်းက နိုးနေပြီပေါ့ အာဝါးးးးဝါးးးး"
အာသန်လျက် Xiao Zhanမေးလိုက်သည်။ သူနိုးနေတာ Yiboသူ့နဖူးကို လာစမ်းကတည်းက......,
"အင်း ကျွန်တော် စွတ်ပြုတ်သွားကျိုပေးမလို့ တစ်ခါတည်း အောက်လိုက်ခဲ့မလား"
Yiboရဲ့ ဖုန်းscreenက လင်းလာသည်။ Xiao Zhanတစ်စွန်းတစ်စမြင်လိုက်တာ အချိန်က 11:30,နှစ်ယောက်သား မိုးလင်းပိုင်းမှ ပြီးကြတော့ အချိန်အားဖြင့် 6:30 ရှိနေပြီ...., သူကတော့ အိပ်ပျော်သွားတယ် Yiboက တစ်ခါတည်း သန့်ရှင်းပေးတဲ့ပုံ...., ဒါနဲ့ ရေချိုးခန်းထဲမှာ တစ်ကြိမ်ဖြစ်သေးတာလား.....WTF!!
"လာ ကျွန်တော်ပွေ့မယ်"
Xiao Zhan အတွေးလွင့်နေတုန်း Yiboက သူ့ကို ကောက်ပွေ့လိုက်သည်။
"What!! နေပါအုံး ငါဘာငါ လမ်းလျှောက်နိုင်တယ်"
အမှန်တော့ အပွေ့ခံချင်တာပေါ့....,ဒါပေမဲ့ အိမ်အောက်ထပ်မှာက အစေခံတွေနဲ့......, ရှက်တာတော့ မဟုတ်ပေမဲ့ မာနတော့ အထိမခံနိုင်ပါ။
"ကျွန်တော် သူတို့ကို တစ်ပတ်လောက် အိမ်ပြန်ခိုင်းထားတယ် စိတ်ပူမနေနဲ့ အိမ်မှာ ကျွန်တော်တို့ နှစ်ယောက်ထဲ"
"ဒါဆို ဘာစောင့်နေလဲ မြန်မြန်ခေါ်သွားတော့လေ"
Xiao Zhanက Wang Yiboခါးကို သူ့ခြေတံရှည် နှစ်ဖက်နဲ့ခွလို့ ဖားပျံလေးလို တွယ်ကပ်ထားလိုက်သည်။
လက်နှစ်ဖက်က သူ့ယောကျာ်းရဲ့ လည်ပင်းကို ဖက်လို့ ဆံပင်စုတ်ဖွာနဲ့ သူ့ခေါင်းကို တစ်ဖက်လူရဲ့ ပုခုံးပေါ် ခွေးပေါက်လေးတစ်ကောင်လို မှီထားလျက်.....,
YOU ARE READING
ငါပြန်လာပြီ!![I'm BACK]>>[Completed]
FanfictionCover from Pinterest. YiZhan✅ ခပ်ဆိုးဆိုး ကိုကိုတစ်ယောက်က ပြန်လည်ရှင်သန်လာတယ်ဆိုပါစို့:3 အမ် စာရေးသူ၏စိတ်ကြိုက် ဇာတ်အိမ်တည်ထားတာမို့ လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။ စာဖတ်သူလေးများ ရွေးချယ်လို့ရပါတယ်: Start Date - 12/6/2021. End Date - 12/9/2021.