Part 5(12/7/Mon)

13.4K 1.2K 29
                                    

"Hellow တွေ့ပြန်ပြီနော် Mr.Xiao Zhan
ရှင်ပြန်သတိရလာတာ တို့ကြားမိပါတယ်"

ပြန်ကောင်သေးတာကြာသေးတဲ့ပုံမပေါ်တဲ့လက်ကို ရမ်းလို့ အဲ့ဒီမိန်းခလေးက နှုတ်ဆက်လာတယ် အပြုံးတွေက ကြောက်ရွံ့မှု တစ်စက်တောင် မရှိဘူး။

Xiao Zhan ခပ်ထေ့ထေ့ပြုံးတယ် ပြီးတော့သူ့ဆီလျှောက်လာနေတဲ့ Wang Yiboဆီ အကြည့်ပို့တယ်။

"ကျွန်တော့်ဆီလာတာမလား လာလေ နားနေခန်းထဲသွားရအောင်"

ကိစ္စတစ်ခုခုဖြစ်သွားမှာကို မင်းက စိတ်ပူနေတာဘဲ
အဲ့လိုဖြစ်လဲ အပိုဘဲ ရိပေါ ။

"ကိုယ်က မောင့်ကို လွမ်းနေတာ ဟီး"

Wang Yibo "........."

စောနက အပြုံးနဲ့ လုံးလုံးမှမဆိုင် Wang Yiboမပြောနဲ့ အနားမှာရှိတဲ့သူတွေတောင် ကြောင်တောင်တောင်နဲ့ အံ့အားသင့်ကုန်ကြတယ်။

အရှေ့က အပြုံးက ကြက်တီးထစရာကောင်းသလောက် လက်ရှိအပြုံးကတော့ တုနိုင်းမရအောင် ချိုမြိန်နေတယ်။

Xiao Xiao Zhanက အန္တရာယ်များတယ်။
တက်နိုင်သမျှ သူပိုင်တဲ့အရာတွေကို သွားမထိမိစေနဲ့။ဒါက စေတနာအပိုနဲ့ သတိပေးတာ။

"သွားမယ်ဆို သွားရအောင်လေ ငါချောမှန်းသိတာမို့ အဲ့လောက်ထိမကြည်ပါနဲ့ ရှက်တယ် မောင်ရဲ့"

မျက်နှာနားကပ်လို့ ပြောလိုက်တဲ့ Xiao Zhan သူတို့နှစ်ယောက် အဆင်ပြေနေပြီဆိုတာ အကုန်လုံးသိလောက်ဖို့ ဒီလောက်ဆို လုံလောက်တယ် မဟုတ်လား ဟက်။အထူးသဖြင့် အခုထိ အံ့သြနေတဲ့ အဲ့ဒီမိန်းခလေး။ မတူရင် လာမတုသင့်ဘူး။ အရင်လို အချိန်ကုန်ခံပြီး လက်တုံ့မပြန်တော့ဘူး။ ငါXiao Zhanက တစ်ခါသေပြီးပြီမို့ ရင့်ကျက်လာနေပြီ။

Wang Yiboက Xiao Zhan လက်ကို ဆွဲလို့ နားနေခန်းရှိရာဆီ ခေါ်သွားတယ်။

Xiao Zhanနှုတ်ခမ်းက အချိုမြိန်ဆုံး အပြုံးကိုဆင်မြန်ထားတယ်။ သေချာတယ် အခုလောက်ဆို စောနက ကိစ္စက Social media မှာ ပလူပျံနေလောက်ပြီ။ Xiao Zhanလိုချင်တာလည်း ဒီလိုဘဲလေ။

"ပြန်ခေါ်ကြည့်"

နာနေခန်းထဲရောက်တော့ Wang Yiboက Xiao Zhanကို နံရံမှာ ကပ်ပစ်လိုက်တယ်။ ဒီလူ့နှုတ်က ထွက်လာတဲ့ သူ့အတွက်နာမ်စားက သူ့နှလုံးခုန်တာ ပေါက်ထွက်တော့မလိုဘဲ။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now