Part 28(28/8/Sat)

8.3K 665 13
                                    

"လာခဲ့ Xiao Zhan ၊ ဆေးလာသောက်!! "

Wang Yibo တစ်ယောက် သူ့ လူကြီးကို အော်နေရပါပြီ။ ဒါကလည်း ဒီနေ့ တစ်ရက်တည်း မဟုတ် ၊ ဒီကို ပြောင်းလာတဲ့ သုံးလအတွင်း နေ့စဉ်နေ့တိုင်း ပုံမှန် ဖြစ်နေကျ ၊

Wang Yiboရဲ့ အချစ်က ဆေးသောက် အလွန်ပျင်းပါတယ်။ ဆေးသောက်ချိန်ဆို အလိုအလျောက် စနစ်နဲ့ကို အိမ်အနောက်ဘက် ရောက်သွားတာ။

"ရားး Xiao Zhan ကျွန်တော်ခေါ်နေတယ်လေဗျာ "

Yibo အိမ်အနောက်ဘက် ရောက်လာတော့ အနားရှိ ဂိုဏ်းသား တစ်ချို့က လျှို , လျှို ၊ လျှို လျှိုနဲ့ ပျောက်ကွယ်သွားကြပြီ။

သူတို့ သခင် လင်နှစ်ယောက်ရဲ့ အကြောင်းကို သူတို့တစ်တွေ သိနေကြပြီမို့ ။

"ကိုကို "

Yibo ခေါ်တော့ မင်သေသေ မျက်နှာဘေးနဲ့ Xiao Zhan က မးငေါ့ပြတယ်။ ဘာလဲ ဆိုတဲ့သဘော။

တွေ့လား ၊ အဲ့လိုတွေ ဆိုးတာပါဆို ကျွန်တော့် အချစ်က။ Wang Yibo သူ့အရှေ့က လူကို တကျွတ်ကျွတ်နဲ့ မြည်အောင် ကိုက်စားပစ်လိုက်ချင်တယ်။

"ရော့ ဆေးရော ရေပါ တစ်ခါတည်း ယူခဲ့ပေးတယ် ၊ သောက်လိုက် Zhan "

"ခနနေမှ သောက်မယ် ၊ ထားထားလိုက်  "

ကမ်းပေးလာတဲ့ ကိုယ်ဝန်ဆောင် အားဆေးကို Xiao Zhan မမြင်ချင်ပါ ။ အမှန်ဆို အားဆေးက နှစ်ရက်မှ တစ်ကြိမ်သောက်လည်း ရနေတာဘဲကို ။

"မရဘူး ၊ အခုသောက် "

Yiboကလည်း ဇွဲမလျှော့ ၊ Xiao Zhan ကလည်း မင်သေသေ လုပ်နေတုန်း။

ဒီလိုနဲ့ တစ်ရက် ကုန်တော့မယ်။

ဆိုတော့ Yibo သူယူလာတဲ့ ဆေးကို သူ့ပါးစပ်ထဲ ငုံကာ အဆိုးကြီးရဲ့ ခံတွင်းထဲ ပြောင်းထည့်ပေးရတော့တာပေါ့ ။

သူများလင်တွေ သူ့တို့ သက်ဆိုင်သူတွေကို ဘယ်လ်ု ဆေးတ်ုက်လဲတော့ မသိဘူး ။ Xiao Zhan လင် Wang Yibo ကတော့ အခုလို တိုက်ပါသည်။

တစ်ခါတည်း နမ်းပြီးသားလည်း ဖြစ်ရော ၊ မပိုင်ဘူးလား ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ် ။

ဒီလိုတွေ ရှေ့မရှောင် ၊ နောက်မရှောင် Ro လို့လည်း Wang ဂိုဏ်းသားတွေ ရှောင်ပေးကြတာ ။

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now