Part 12(26/7/Mon)

11.5K 974 14
                                    

ပွဲရှိလူအများရဲ့ မြင်ကွင်းထဲဝင်လာတာက နောက်ဆုံးပေါ်ပြိုင်ကား Black, ဒီကားက Wang မျိုးဆက်ဘဲ စီးနိုင်တာ, Xiao လူကြီးမင်းက သမက်ကောင်းကောင်းရထားတာဘဲ မြေခွေးအိုကြီးတွေက အဲ့လို တွေးတယ်။

အရင်ဆုံးဆင်းလာသူက အနက်ရောင်Suitကို လူငယ်ဆန်ဆန်သေသပ်စွာ ဝတ်ဆင်ထားတယ်,ထင်းနေတဲ့ မျက်ခုံးလှလှတို့က တစ်ချက်ပင့်သက်သွားလျက်, မထိမဲ့မြင်အပြုံးကို ဆင်မြန်းကာ သူတ်ု့ရှိရာဘက် ပြုံးပြလာတယ်။

ဘေးကဆင်းလာသူကတော့ မျက်နှာထားခပ်တင်းတင်းနဲ့ မျက်မှောင်ကြုံ့ထားလျက်, ဒီလူငယ်ကို ဒီလိုပွဲမျိုးမှာ တွေ့ရတာ ခပ်ရှားရှားရယ် , Wang မျိုးရိုးတွေ လူရှေ့မထွက်တာကတော့ အစဉ်အလာလို ဖြစ်နေပြီ။ ထိုသူလည်းဘဲ လူငယ်ဆန်ဆန် အနက်ရောင်suit ကိုဝတ်ဆင်ထားတယ်။ အနက်ရောင်က ထိုကောင်လေးနှစ်ယောက်ဝတ်လိုက်မှ ပိုပြီးတင့်တယ်နေသယောင်...,

ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်အောင်းတာက ဒီလောကမှာမဆန်းပေမဲ့ အဲ့ခြင်္သေ့နှစ်ကောင်သာ ပူးပေါင်သွားမယ်ဆို,မဟုတ်ဘဲ ချစ်ကြည်ရေးယူသွားယ်ဆိုရင်တော့ သူတို့အတွက် သတိထားဖို့ လိုနေပြီ။

အိမ်မက်ဆိုးတွေ ရောက်လာတော့မယ်။

...

...

Xiao Zhan သူ့ဘေးက မျက်မှောင်ကြုတ်နေတဲ့ သူ့ယောကျာ်းကိုကြည့်လိုက်တယ်။

Yiboက အနုပညာရှင်သာ ဆိုတယ်..,ဒီလို ပွဲမျိုးတွေလာရတာ သိပ်ကြိုက်တာ မဟုတ်ဘူး:

အရင်တုန်းက နှစ်ယောက်အတူတက်မှဖြစ်တဲ့ ပွဲတွေဆို Yiboက ရုပ်သေကြီးနဲ့ တစ်ခါတည်းငြင်းပစ်တာ, အဲ့တုန်းက အကြောင်းပြချက်က Xiao Zhanနဲ့အတူ မသွားချင်လို့, ဒါသက်သက် ရန်စမှန်း Xiao Zhan သိတယ်,

အဲ့လိုအချိန်တ်ုင်း Yibo အိမ်ပေါ်က မောင်းချခံရတာ အကြိမ်ကြိမ် , Xiao Zhanကြောင့် နှာခေါင်းကို ဟန်ဆာပလက် ကပ်ထားရတာလည်း အခါခါ: သူတို့ Idolကြီး နှာလုံးလုံးလေးကို ဒီလိုဖြစ်အောင်လုပ်ထားမှတော့ Yibo fanတွေက Xiao Zhan ကို ချစ်ပါအုံးမလား ha ha!!

မှတ်မှတ်ရရ သူတို့နှစ်ယောက်အတူ တက်တဲ့ပွဲဆိုလို့ Yiboက Xiao Zhanကို ထမ်းပြီးခေါ်လာတဲ့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲ, အတွေးနဲ့အတူ Xiao Zhanစိဆ်ထဲ ကြည်နူးမှုလေးဖြစ်ပေါ်လာတယ်။ Yiboစိတ်တိုတာ မမြင်ရတာ ကြာနေပြီဘဲ အဟင်း!!

ငါပြန်လာပြီ!![I'm  BACK]>>[Completed]Where stories live. Discover now