🍓~3

306 33 12
                                    

"ပန်ရှင်းဝေ၊မင်းကိုကြည့်ရတာနီနီ့ကိုအရမ်းသဘောကျနေတဲ့ပုံပဲနော်ငါဖြင့်မင်းရဲ့အခုပုံစံကိုအတော်လေးအံ့သြသွားရတယ်"

ရှင်းသန့်ကအံ့သြတယ်သာပြောနေတာရုပ်ကမင်သေသေနဲ့ပင်။

"သူကတကယ်ချစ်ဖို့ကောင်းတာ"

"အင်းငါသိတယ်"

"မင်းရောသူ့ကိုချစ်ဖို့ကောင်းတယ်လို့ထင်နေတာလား"

"အင်းလေ"

"သူကတကယ့်ကိုမှပဲချစ်ဖို့ကောင်းနေတယ်၊ချစ်ဖို့ကောင်းလွန်းလို့ဘယ်လိုလုပ်ရမလဲ"

"မင်း၊မဟုတ်မှလွဲရော..!"

ခုနကဘယ်သူ့ကိုမှသောက်ဂရုမစိုက်ဘူးဆိုတဲ့ရှင်းသန့်မျက်နှာဘေးကရုတ်ချည်းဆိုသလိုပြောင်းလဲသွားကာ
မျက်လုံးကြီးပြူးပြီးသူ့ကိုလက်ညှိုးနဲ့ထိုးကာအကျယ်ကြီးအော်နေသည်။

"မင်းးနီနီ့ကိုကြိုက်သွားတာတော့မဟုတ်ဘူးမလား!!"

ရှင်းသန့်တော်တော်ကြီးကိုအမူအရာပျက်သွားတာဖြစ်သည်။သူ၊ပန်ရှင်းဝေကိုအဲ့လိုမထင်ထားဘူး။

"ကြိုက်တယ်"

ပန်ရှင်းဝေရဲ့ခပ်ပြတ်ပြတ်စကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ရှင်းသန့်တစ်ယောက်မူးမေ့လဲချင်သွားရသည်။

ရှင်းသန့်စိတ်ကိုထိန်းကာရုပ်တည်ကြီးနဲ့သူ့ကိုကြည့်နေတဲ့ပန်ရှင်းဝေကိုတဟဲဟဲပြုံးပြလိုက်ကာ

"မင်းကြိုက်ချင်ရင်လည်းကြိုက်ပေါ့၊ဟုတ်တယ်မလားကောင်း..ကောင်းတာပေါ့"

(ငါ့ကိုများအထူးအဆန်းလာလုပ်နေသေးတယ်၊သူကျတော့ကူးကူးကိုကြိုက်နေပြီးတော့များ)

"နီနီ့ကိုငါမြင်မြင်ချင်းကြိုက်တာမဟုတ်ဘူး"

အဝေးကိုတွေတွေလေးကြည့်ပြီးပြောနေတဲ့ပန်ရှင်းဝေကိုရှင်းသန့်သေချာကြည့်လိုက်သည်။ပန်ရှင်းဝေဆက်ပြောမဲ့စကားတွေကိုသူသေချာအလေးထားပြီးနားထောင်နေသည်။

"ငါသူ့ကိုချစ်တာ၊မြင်မြင်ချင်းအချစ်ဆိုတာငါမသိဘူးဒါမဲ့နီနီ့ကိုတော့ငါမြင်မြင်ချင်းချစ်မိပြီထင်တယ်"

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now