နီနီ့ရဲ့အိမ်ကိုဒိုဒိုကလူတစ်ယောက်မှမသိ၍ပန်ရှင်းဝေတစ်ယောက်စိတ်ဓာတ်တွေကျနေရသည်။
ဘယ်သူမှမသိမှတော့သူကဘာလုပ်လို့ရတော့မှာလဲ။ဟုတ်တယ်မလား။
ပျင်းစရာကောင်းပြီးအရည်မရအဖတ်မရတဲ့စာအုပ်ကြီးထိုင်ဖတ်နေတဲ့ဇူးဇူးကို
ပန်ရှင်းဝေစိတ်မပါသလိုသာကြည့်နေလိုက်သည်။ပန်ရှင်းဝေစာအုပ်အဖုံးကိုတစ်ချက်အကြည့်ပို့လိုက်တော့ ဘာတဲ့စာအုပ်နာမည်က {Blue sky blue sea poem}ဆိုပဲ။ဇူးဇူးကအဲ့လိုပျင်းစရာကဗျာကြီးတွေကိုလည်းဖတ်တာပဲလား။
ပန်ရှင်းဝေတစ်ယောက်ဖွင့်ထားတဲ့ပြတင်းပေါက်အပြင်ကနေရောင်ခြည်နုနုတွေဖြာကျနေတဲ့ကောင်းကင်ပြာကြီးကိုသာအကြောင်းမရှိလှဲအိပ်လျက်ခေါင်းလေးနောက်ပြန်မော့ကာကြည့်နေလိုက်သည်။သူ့ရဲ့နဖူးပေါ်အုပ်ကျနေတဲ့ဆံနွယ်လေးတွေဟာနောက်ကိုလှန်ကျနေပြီးပြတင်းပေါက်ကလေတိုးသောကြောင့်ဆံပင်နက်နက်လေးတွေကအနည်းငယ်လှုပ်ယိမ်းနေလေသည်။
"Blue side...
Bule side...
Back to blue side...
Blue side....
Back to blue side...
Inside my blue dream....
I want to contain you...
Even if you say no....
Inside my eyes..."
သြရှရှသံလေးကသာယာတဲ့သံစဥ်လေးတွေနဲ့ကာရံညီလှပေသည်။သီချင်းသံကတော့တစ်ခြားကမဟုတ်သူ့ဘေးက
ဇူးဇူးကစာအုပ်ဖတ်နေရင်းနဲ့သီချင်းညီးနေခြင်းပင်ဖြစ်သည်။ပန်ရှင်းဝေနားထဲမှာဇူးဇူးဆိုနေတဲ့သီချင်းကenglishသီချင်းမှန်းမသိဘာသီချင်းမှန်းမသိနားမလည်ပေ။ဒါပေမဲ့နားထောင်လို့ကောင်းသည်မို့အသာလေးငြိမ်နေလိုက်သည်။
သူကဇူးဇူးသီချင်းသံလေးကိုသူ့ကြောင့်ရပ်မသွားစေချင်ဘူးလေ။
အဲ့တာကြောင့်သူနေမြဲအတိုင်းလေးနေနေလိုက်တယ်။အခုပန်ရှင်းဝေကပြတင်းပေါက်ကိုမျက်နှာမူပြီးလှေကားဘက်ကိုခြေဆင်းကာပက်လက်လေးလှဲနေပြီးဇူးဇူးကတော့ပြတင်းပေါက်ကိုကျောခိုင်းကာ
တင်ပုလင်ခွေထိုင်နေသည်။
YOU ARE READING
🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓
Romanceငါရေခဲမုန့်ဆိုင်မှာတွေ့လိုက်တဲ့ကောင်လေးကပန်းရောင်ဆံညှပ်လေးနဲ့!! နောက်ပြီးတော့!🍓💜 အဲ့ဒီ့စတော်ဘယ်ရီသီးဆံညှပ်နဲ့ကောင်လေးရဲ့နာမည်ကနီနီတဲ့!💛🍓💙 cute plotလေးစဥ်းစားထားတာပါ🍓 ပေါ့ပေါ့ပါးပါးလေးနဲ့ချစ်စရာကောင်းမဲ့စတော်ဘယ်ရီပုံပြင်လေး🍓🍬 🍓Boy with stra...