🍓~14

122 13 0
                                    

"Helloနီနီ"

တံခါးရှေ့မှာမျက်နှာလေးဖြီးပြီးသူ့အားရယ်ပြနေတဲ့ကောင်လေးအား နီနီကြောင်အအလေးကြည့်နေမိသည်။

ရုတ်တရတ်ကြီးရောက်ချလာတာပဲ။သူ့အိမ်ကိုလာလည်မယ်လို့ခဏခဏပြောတာကြားပေမယ့်တကယ်ရောက်လာ
လိမ့်မယ်မထင်ထားဘူး။အခုတော့ဟက်ချလောင်းဆိုပြီးဘွားကနဲပေါ်လာတာရော။

"ဝင်ခွင့်မပေးတော့ဘူးလား"

ပန်ရှင်းဝေနှုတ်ခမ်းကပြောရင်းဆူလာသလိုရှိ၍နီနီအမြန်ပဲအိမ်ပေါက်ဝကနေလမ်းဖယ်ပေးလိုက်သည်။

ကောင်လေးကတော့အိမ်ထဲကိုသူ့အိမ်သူ့ယာလိုသဘောထားပြီးဝင်သွားတာမို့ နီနီ့မှာမျက်လုံးလေးပေကလပ်ပေကလပ်နဲ့ကျန်ခဲ့လေသည်။

"ဟယ်..ဘယ်သူလေးတုန်းကွဲ့ နီနီရဲ့"

ဆံပင်ခပ်တိုတိုညှပ်ထားတဲ့အန်တီလှလှကနီနီနဲ့တစ်ရုပ်ထဲပင်။

ဆံနွယ်ပန်းရောင်(coralရောင်)တွေက
နီနီနဲ့အတူတူဖြစ်ပြီး ထိုအန်တီလှလှဆံပင်ထက် နီနီ့ဆံပင်လေးတွေကအနည်းငယ်ပိုရှည်နေသေးသည်။

ပန်ရှင်းဝေကအပြုံးလေးနဲ့..

"ကျွန်တော်ကပန်ရှင်းဝေပါ နီနီ့ရဲ့...ဟို... သူငယ်ချင်းပါ"

အားရပါးရနဲ့နီနီ့ကိုကြိုက်နေတဲ့သူလို့ပြောထွက်ခါနီးမှာပဲ ပန်ရှင်းဝေ လေလျှော့ပြီး ပါးလေးဖောင်းကာပြောလိုက်တော့ ဆံပင်တိုတိုနဲ့အန်တီကရယ်သည်။

"ချစ်ဖို့ကောင်းလိုက်တဲ့ကလေးပဲ
အန်တီ့သားနီနီထက်တောင်ချစ်ဖို့ကောင်းနေသေးတယ်။"

ပန်ရှင်းဝေမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့(ဒီအန်တီကနီနီ့အမေပေါ့ အဲ..ဒါဆို ငါ့ယွခမကြီးပဲ ရိုသေရမယ်ရိုသေရမယ်)

"ကဲကဲ လာခဲ့သားရေအန်တီလည်းမုန့်လုပ်နေတာနဲ့အတော်ပဲ"

ပန်ရှင်းဝေခုံဆွဲထိုင်လိုက်ရင်း..

"အဟီးဟီး..အန်တီကနုတယ်နော် "

နီနီ့အမေဟာမျက်ခုံးလေးနှစ်ဖက်ပင့်ပြပြီးသူ့အားဖော်ရွေစွာပြုံးပြလာတော့ ပန်ရှင်းဝေရင်ထဲမှာပိုပျော်သွားရသည်။

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Donde viven las historias. Descúbrelo ahora