🍓Final🍓

286 21 7
                                    

<တော်သလင်း-သီတင်းကျွတ်>

ကောင်းကင်ပြာကြီးဟာအဆုံးမရှိလှပနေပြီးအဖြူရောင်တိမ်မျှင်မျှင်လေးတွေကလည်းပြန့်ကျဲလို့နေလေတယ်။

ဒိုဒိုအဆောင်ဆီကရွှေအမှုန်လေးတွေနဲ့ဆိုင်းပုဒ်လေးဟာနေရောင်ကြားမှာတလတ်လတ်နဲ့တောက်ပလို့နေလေတယ်။

"ဟေးးပန်ရှင်းဝေဖယောင်းတိုင်ထုတ်တွေရပြီမလား"

ဇူးဇူးကရောင်စုံစဣူမီးပုံလေးတွေကို
ဖြန့်ကြည့်နေရင်းလှမ်းပြောသည်။

"အင်းရပြီ"

"ငါတို့ပါလာတယ်ဇူးဇူးရေ"

"ဝုတ်!ဝုတ်ဖ်!"

"ဟာ..စုတ်ဖွားပါရောက်လာတာပဲလာသမီးလေးလာ..ငါ့သမီးလေးကိုပုဇွန်ခြောက်ကျွေးမယ်"

ခဲရောင်အမွှေးရှည်ရှည်နဲ့ပုပုလုံးလုံးစုတ်ဖွားဟာ ဇူးဇူးနောက်ကိုအမှီးလေးတနှံ့နှံ့လိုက်သွားသည်။

"ကြည်ကြီးတို့ညီအစ်ကိုတွေပါလား
အဟေးမင်းတို့တွေလည်းနောက်နှစ်ကျရင်ငါ့အဆောင်ကိုပြောင်းလာသင့်တယ်နော်"

မျက်လုံးမှေးမှေးအဆောင်မှူးဟာပြုံးကာပြောသည်ကိုကြည်ကြီးတို့ညီအစ်ကိုနှစ်ယောက်ဟာလက်ခါပြကာမချိမသာလေးပြုံးရင်း..

"မဟုတ်တာပဲဆရာကလည်း..ကျွန်တော်တို့ကအိမ်နဲ့မခွဲနိုင်ဘူး"

"တစ်ခါတလေလေးခွဲရတာကိုကွာမင်းတို့ကလည်း"

"အဲ..အဲမဖြစ်လို့ပါ"

"ဟားဟားအေးပါကွာ"

"နီနီရောမလာသေးဘူးလားဟင်"

အိမ်ပေါက်ဝမှာမျက်နှာငယ်လေးနဲ့ငေးနေတဲ့ပန်ရှင်းဝေကြောင့်ကျန်တဲ့သူတွေရယ်ကုန်ကြလေသည်။

ပေါင်မုန့်အုန်းနို့ဆမ်းကိုအကြိတ်အနယ်စားနေတဲ့ကြည်ကြီးကနေလက်ညှိုးမိုးပေါ်ထောင်ကာမျက်လုံးတို့မှိတ်လိုက်သည်။ထို့နောက်ပန်ရှင်းဝေအသံကိုတုကာဖြင့်...

"နီနီရောမလာသေးဘူးလားဟင်"

"ဟားဟား..ကြည်ကြီးမဆိုးဘူးမင်းအသံကြီးကလမ်းဘေးကဘယာကြော်ကုလားမအသံနဲ့တူတယ်"

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now