🍓~11{Kyaw Gyi&Kyi Gyi}

117 15 2
                                    

"တွေ့ရတာဝမ်းသာပါတယ်..မင်းခန့်ကျော်"

မင်းခန့်ကျော်ကအနီးကပ်တွေ့ရမှပိုသိသာလာတာကအရပ်ကြီးဖြစ်သည်။ခန့်မှန်းခြေ5'9"လောက်ရှိမယ်။ရှင်းသန့်နဲ့အတူတူလောက်ပဲ။ဂိုဏ်းသားလိုလို။
ဖြစ်နိုင်လောက်တယ်အခုသူတို့တွေ့နေရတဲ့အုပ်စုဖွဲ့အနိုင်ကျင့်ပုံ၊ထိုးနှက်နေပုံတွေအရအကောင်ကြီးတွေဘာတွေဖြစ်လောက်မယ်လေ။ရာကူဇာဂိုဏ်းတွေဘာတွေလိုအထာတွေနဲ့။မင်းခန့်ကျော်ဆိုတဲ့တစ်ယောက်ကအဝေးကကြည့်ရင်သာဂုတ်ဝဲလေးနဲ့မို့မိန်းကလေးလို့ထင်ရနိုင်ပေမယ့်အမလေးးအနီးကပ်ကြည့်ရင်တော့သောက်ချောကြီးမျက်ခုံးတန်းနက်နက်တွေနဲ့ပြတ်သားတဲ့မျက်ဝန်းအကြည့်တွေကကျောချမ်းစရာအတိ။အရပ်ကြီးကလည်းအရှည်ကြီးနဲ့မေးရိုးသွယ်သွယ်ကထင်းနေပြီးနားနှစ်ဖက်လည်းဖောက်ထားသေးတယ်။

ငါ့မှာအားတွေကျ။အကယ်၍ငါ့ရုပ်ငါ့ရည်သာမင်းခန့်ကျော်လိုမျိုးဆိုရင်ဝူးးဝူးးငါလေးကိုနီနီအားတွေကိုးတော့မှာအဟိဟိ။

"မင်းတို့ဒီမှာဘာလာလုပ်ကြတာလဲ"

ဇူးဇူးကနားမလည်သလိုမျက်နှာဘေးလေးနဲ့မေးလာတော့မှမင်းခန့်ကျော်ကဓာတ်တိုင်ဘေးမှာငုတ်တုတ်လေးထိုင်နေတဲ့ခုနှစ်တန်းရှစ်တန်းအရွယ်ကောင်ငယ်လေးတစ်ယောက်ကိုလက်ညှိုးထိုးပြကာ

"သူ့အတွက်တရားမျှတမှုလာယူပေးတာ"

(ငါထင်​နေတာမမှားဘူးး။သူတို့ကဂိုဏ်းဖြစ်မယ်လေ)

ပန်ရှင်းဝေရဲ့မျက်လုံးလေးတွေကတောက်ပနေကာမင်းခန့်ကျော်ကို
ကြည့်နေပြီးစိတ်ထဲမှာလည်းပျော်မြူးနေသည်။

"ဟိုကောင်ကညနေပိုင်းတုန်းက
ဘောလုံးကန်နေရင်းနဲ့ရန်ဖြစ်ရင်းအဲ့ကလေးကိုထိုးသွားတာငယ်သွားတစ်ချောင်းနဲ့သွားတယ်လေ"

"မင်းတို့ကအဲ့တုန်းကဝင်ပွဲမကြမ်းဘူးလားဘာလို့အခုမှညဘက်ကြီးရိုက်နှက်နေတာလဲ"

"အာမဟုတ်ဘူးဇူးဇူးရ။ရန်ဖြစ်နေတုန်းကငါနဲ့ငဖူးမရှိဘူးဟိုကလေးကငါတို့ကိုငိုကြီးချက်မနှာရည်တွဲလွဲနဲ့လာတိုင်မှသိတာ။ဟိုငနဲလေးကလည်းရှောင်ပြေးနေတာလေအခုမှမိလို့ပညာပြန်ပေးရတာ"

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now