🍓~8{Rainy Day}1

171 19 4
                                    

မိုးစက်တွေကဖြည်းညှင်းစွာကျဆင်းနေ
တဲ့လမ်းသွယ်လေးဟာအချိုင့်အခွက်လေးတွေအနည်းငယ်ရှိနေသဖြင့်ရွာချသောမိုးရေတို့ကချိုင့်ခွက်ငယ်တို့ကိုရေဖြည့်ပေးသလိုဖြစ်ကာသေးငယ်လှသောရေအိုင်ငယ်လေးတွေဖြစ်လို့နေလေတယ်။ထိုရေအိုင်လေးတွေဟာဘွတ်ဖိနပ်အဖြူလေးရဲ့ဆော့ကစားမှုကြောင့်ဂယက်ထကာရေတစ်ချို့ဟာချိုင့်ခွက်လေးထဲကနေကျော်လွန်ပြီးလမ်းမထက်ကိုလာစင်လေတယ်။

ဘွတ်ဖိနပ်အဖြူလေးရဲ့ပိုင်ရှင်ကတော့နီနီပင်။ထီးအကြည်လေးကိုလက်တစ်ဖက်ကဖြစ်သလိုကိုင်ထားကာမိုးရေစက်တွေကိုကာထားရင်းသူ့ရဲ့ခြေထောက်လေးနှစ်ဖက်ကတော့ရေအိုင်ငယ်တွေကြားဟိုခုန်ဒီခုန်လုပ်နေလေသည်။

သူခုန်လိုက်လို့ရေအိုင်ငယ်လေးဂယက်ထသွားပြီးရေတစ်ချို့ကသူ့ရဲ့ခြေထောက်တွေကိုလာစင်ရင်ကလေးလေးလိုအားရပါးရပြုံးရယ်ကာခုန်စွခုန်စွလုပ်သည်။လက်ထဲကထီးအကြည်လေးကိုလည်းဘယ်ညာဝေ့ရမ်းပြီးလက်ထဲကဖယောင်းတိုင်အထုပ်လေးကိုအငြိမ်မနေရအောင်လွှဲနေသေးသည်။

ဘောင်းဘီဒူးကျအဝါလေးဝတ်ထားသောကြောင့်နီနီ့ရဲ့ဖြူဥဥခြေသလုံးနှစ်ဖက်မှာရွှံ့ဗွက်ရေစက်လေးတွေကထင်ရှားစွာပေတူးညစ်ပတ်နေလေတယ်။သူလမ်းတစ်လျှောက်လုံးအသည်းအသန်ဗွက်ဆော့လာခဲ့တာလေဒီလိုညစ်ပတ်လာမှာပေါ့မဟုတ်လား။

"မိုးရာသီဆိုတော့မီးပျက်..
မီးပျက်တော့ဓာတ်မီးအိမ်လို...
အားမသွင်းထားတော့သုံးမရ..
သုံးမရတော့မေမေကငါ့ကိုဖယောင်းတိုင်ဝယ်ခိုင်း..
အဟင့်..အခုတော့ငါ့ခြေထောက်တွေညစ်ပတ်ကုန်ပြီ"

နီနီဟာသူ့ရဲ့ရွှံ့တွေပေနေတဲ့ဘွတ်ဖိနပ်ဖြူစွတ်စွတ်လေးကိုဟိုဘက်သည်ဘက်နည်းနည်းကိုးယိုးကားယားမြှောက်
ကြည့်လိုက်၊ရွှံ့ဗွက်တွေစင်နေတဲ့သူ့ခြေသလုံးလေးကိုငုံ့ကြည့်လိုက်နဲ့ငိုမဲ့မဲ့ဖြစ်လာလေသည်။

"ညစ်ပတ်ကုန်ပြီရော်........."

"ညစ်ပတ်သွားပြီလို့!အဟင့်"

သူရေတွေဆော့နေတုန်းကစိတ်ပျော်နေပြီးအမှုမဲ့အမှတ်မဲ့ဖြစ်နေ၍ရွှံ့တွေကိုသူအာရုံထဲမထည့်မိပေ။အခုတော့..အခုတော့သူကညစ်ပေတူပလူးသွားပြီ။ဒါကတကယ်ဆိုးရွားလွန်းတယ်သူဘယ်လိုတောင်စိတ်လွတ်သွားခဲ့တာလဲ။ဒီလိုညစ်ပတ်တဲ့ရွှံ့ကြီးတွေကသူ့ခြေသလုံးလေးတွေပေါ်မှာ။

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Donde viven las historias. Descúbrelo ahora