🍓~7

195 23 6
                                    

အိမ်ပြန်ရောက်ရောက်ချင်းအပေါ်ထပ်ကိုနီနီပြေးတက်သွားမိသည်။

တံခါးကိုဝုန်း!ကနဲအမြန်ပိတ်လိုက်ကာ
နီနီတံခါးရွက်ကိုမှီပြီးလျှောကနဲထိုင်ချလိုက်သည်။

ဘယ်ဘက်နှလုံးအိမ်ကအဆမတန်တုန်ယင်နေတဲ့ခံစားချက်ကြီးကြောင့်နီနီ့မျက်နှာလေးတွေကရဲတွတ်နေကာပြေးလာရတာမို့မောဟိုက်နေလေသည်။

သူ့ရင်တွေအဆမတန်ခုန်ပေါက်နေတာကပြေးလာရလို့ပဲလားပန်ရှင်းဝေဆိုတဲ့ကောင်လေးကြောင့်ပဲလားနီနီမသိတော့ချေ။

ဒါပေမဲ့နီနီ့ကိုပန်ရှင်းဝေတစ်ယောက်နှစ်နှစ်ခါခါပြုံးပြတဲ့အချိန်တုန်းကတည်းကနီနီမူမမှန်ဖြစ်သွားတာဖြစ်သည်။

အဲ့ကောင်လေးအပြုံးတွေကဘာလို့မှန်းမသိသူ့ကိုပူရှိန်းရှိန်းဖြစ်စေတယ်။

အဲ့တာကြောင့်သူပန်ရှင်းဝေနဲ့မျက်နှာချင်းဆိုင်နေရတာရှက်လာတာမို့
သကြားလုံးအထုပ်ကြီးကိုရှက်ကိုးရှက်ကန်းနဲ့ပေးခဲ့မိပြီးထွက်ပြေးလာမိတာ။

"ဘယ်လိုတောင်ရှက်စရာကောင်းမှုကြီးလဲနီနီရာ"

နီနီကသူ့ရဲ့နီရဲနေတဲ့မျက်နှာသွယ်သွယ်လေးကိုလက်လေးနှစ်ဖက်နဲ့ရှက်ရွံ့စွာဖုံးအုပ်ထားရင်းသူ့ကိုယ်သူမကျေနပ်ဟန်ပြောသည်။

(ငါကောင်လေးတစ်ယောက်ကိုသကြားလုံးလှလှလေးတွေပေးမိသွားပြီ၊ဘယ်လိုလုပ်မလဲ..သူငါ့ကိုတစ်မျိုးထင်သွားမလား။အဟင့်..ငါကဒီအတိုင်းပေးမိသွားတာပါလို့..အူးးဝါးးငါ့မှာတခြားရည်ရွယ်ချက်မရှိရပါဘူး..)

(မင်းကိုသကြားလုံးတွေပေးဖို့မရည်ရွယ်ခဲ့ပါဘူးး)

နီနီစိတ်ထဲမှာငိုကြွေးနေလေသည်။

နားရွက်ဖျားလေးတွေပါပန်းရောင်သန်းနေသောနီနီတစ်ယောက်ဘယ်လောက်တောင်မှရှက်နေမှန်းမသိပါလေ။

"သကြားလုံးတစ်ထုပ်လောက်တော့ယူလာခဲ့ရမှာအဟင့်..ဟင့်"

နီနီကသူ့မျက်နှာလေးကိုကွယ်ဝှက်ထားတဲ့လက်ချောင်းလေးတွေကိုပြန်ယုတ်လာပြီးမျက်ရည်စတစ်ချို့ထွက်ခါလေသံလေးတိမ်ဝင်ပြီးပြောသည်။

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now