🍓~13

129 14 2
                                    

ကုတင်ပေါ်မှာလှဲပြီးနီနီ့အကြောင်းတွေးနေစဥ်ဖုန်းcallဝင်လာတာကြောင့်ကုတင်ပေါ်ကထထိုင်ပြီးဖုန်းလေးယူကာ
nameကိုကြည့်လိုက်တော့မေမေတဲ့..

"hello.."

"ဟုတ်မေမေ..သားအဆင်ပြေတယ်၊ဟုတ်.."

"ကျောင်းဖွင့်ရင်မေမေတို့လာမလို့လား"

"မလာလည်းရတာကို.."

"အယ်ယ်ယ်ယ်~~~~"

ဖုန်းပြောနေတဲ့ပန်ရှင်းဝေရဲ့မျက်နှာဟာပျင်းရိနေပြီးစကားပြောရာတွင်လည်းစိတ်မပါသလိုကြီးသံရှည်ဆွဲနေသေးတာကိုအပြင်ကပြန်လာတဲ့ဇူးဇူးကတံခါးဘောင်ကိုမှီပြီးကြည့်နေ၏။

"မင်းအမေလာမှာကိုစိုးရိမ်စရာရှိလို့လား?"

ပန်ရှင်းဝေ ဇူးဇူးကိုတစ်ချက်ပဲလှည့်ကြည့်တယ်ထို့နောက်တစ်ဖက်ကိုပြန်
လှည့်ကာမျက်လွှာချပြီး..

"အဲ့လိုတော့မဟုတ်ပါဘူး..ဟို..ဟိုလေ"

လက်ညှိုးနှစ်ဖက်ကိုတေ့ကာစိတ်လှုပ်ရှားနေတဲ့ပန်ရှင်းဝေကိုကြည့်ပြီး
ဇူးဇူးခေါင်းခါလိုက်သည်။

"အရူးကောင်"

ဇူးဇူးကစိတ်မပါသလိုလေသံငြိမ်ငြိမ်နဲ့ပြောလိုက်လေတော့..

"ဘာ..!ဇူးဇူးမင်းနော်ကိုယ့်ထက်ငယ်တယ်ဆိုပြီးနှိမ်ပြောရရိုးလား"

မခံချင်စိတ်နဲ့စကားကိုခပ်ကျယ်ကျယ်အော်လိုက်သောပန်ရှင်းဝေရဲ့မျက်နှာဘေးဟာစောနကလိုပျင်းရိရိပုံစံနဲ့မတူပဲတက်ကြွနေသောလူငယ်လေးအသွင်သို့ပြန်ပြောင်းသွား၏။

ဇူးဇူးကဆတ်ဆတ်ထိမခံဖြစ်နေသောပန်ရှင်းဝေကိုငုံ့ကြည့်ရင်း..

"အ...ရူးး....ကောင်"

တစ်လုံးခြင်းဆီကိုစိတ်မပါလက်မပါလေသံနဲ့ပြောလာတဲ့ဇူးဇူးကိုပန်ရှင်းဝေကြည့်နေရင်းနဲ့ပါးတွေနီရဲကာ..

"အားး..မခေါ်နဲ့!"

"အရူးကောင်"

အော်နေသောပန်ရှင်းဝေကိုဂရုမစိုက်စွာဇူးဇူးထပ်ပြောလာသည်။

ပန်ရှင်းဝေကုတင်ပေါ်မှာထိုင်နေရာကနေထလာပြီးဇူးဇူးဆီကိုလျှောက်လာလိုက်သည်။ထို့နောက်သူ့ထက်အရပ်အနည်းငယ်ပိုမြင့်တဲ့ဇူးဇူးကိုမေးမော့ကာမျက်နှာချင်းဆိုင်ကြည့်ပြီး
မျက်လုံးကိုပြူးအသံကိုကျယ်ကျယ်နဲ့..

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now