🍓~2

524 47 20
                                    

တံခါးဖွင့်သံနဲ့အတူအဆောင်မှူးကအခန်းထဲကထွက်လာသည်။

"မောလယ်ပါအဆောင်မှူး"

ဇူးဇူးကရယ်ဖြဲဖြဲနဲ့နှုတ်ဆက်သည်။
ရှင်းသန့်ရှင်းလင်းနဲ့ကူးကူးကတော့
ပုံထိုင်ဆွဲနေပြီးအဆောင်မှူးကိုရှိတယ်လို့တောင်မမှတ်ပေ။

"ကျွန်တော်ကပန်ရှင်းဝေပါ"

ငါလည်းမျက်လုံးမှေးမှေးအရပ်ရှည်ရှည်နဲ့အဆောင်မှူးဆိုတဲ့လူကိုခေါင်းငုံ့ကာနှုတ်ဆက်လိုက်သည်။

အဆောင်မှူးကငါ့ကိုပုခုံးပုတ်ကာ
"ဒိုဒိုကနေကြိုဆိုပါတယ်ကွာ"လို့အသံဖြည်းဖြည်းသာသာနဲ့ပြောသည်။ငါလည်းခေါင်းငြိမ့်ကာသူ့ကိုပြုံးပြလိုက်သည်။

"ဇူးဇူး..ဟိုအမြွှာသားလေးတွေကိုဆယ်မိနစ်လောက်လက်မြှောက်ခိုင်းထားလိုက်..ဘယ့်နှယ့်အုံးဒိုင်းကိုကျဲနေတော့တာပဲ"

အဆောင်မှူးကဝေဖြိုးနဲ့ဝေမိုးကိုဆူငေါက်သလိုပြောတော့နှစ်ယောက်သားကငြိမ်ကုပ်နေရော။အဆောင်မှူးကသူတို့ရန်ဖြစ်တာကိုသိနေတဲ့ပုံ။

"ပန်ရှင်းဝေ"

ရုတ်တရတ်ကြီးအဆောင်မှူးကငါ့နာမည်ကိုခေါ်တော့လန့်တော့လန့်သွားမိသား။

ပန်ရှင်းဝေအထစ်ထစ်အငေါ့ငေါ့နဲ့"အင်?..၊..ဗျာ"လိုထူးလိုက်တယ်။

"မင်းမသိတာရှိရင်ဇူးဇူးကိုမေးလို့ရတယ်အဲ့ကောင်လေးကသဘောကောင်းသလိုစိတ်လည်းရှည်တယ်။ဟုတ်ပြီလား"

အဆောင်မှူးကမျက်လုံးမှေးမှေးတွေကိုကွေးပြီးပြောတယ်။သူ့ပါးစပ်ကလည်းအပြုံးမမည်တဲ့အပြုံးကိုပန်ဆင်ထားသေးတယ်၊fake smileကြီးကျနေတာပဲ
။ငါထင်တယ်ဒီအဆောင်မှူးကရုပ်ဆိုးချက်ပဲ!။ဇူးဇူးကတော့ငါ့ကိုပြုံးပြီးမျက်စိတစ်ဖက်မှိတ်ပြတယ်"သူ့ကိုသာအားကိုးလိုက်"ဆိုတဲ့ပုံစံလေးနဲ့။

"ဟုတ်ကဲ့"

"အင်းအင်း၊"

အဆောင်မှူးကအဲ့တာလေးပဲပြောပြီးသူ့အခန်းထဲသူပြန်ဝင်သွားတယ်။

"ပန်ရှင်းဝေအပြင်ကိုလိုက်ကြည့်ချင်လား"

ရှင်းသန့်ရှင်းလင်းကသူ့လက်ကိုကိုင်ပြီးပုံဆွဲသင်ပေးနေတဲ့ကူးကူးကိုခွာချရင်းပြောတယ်။

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now