🍓~9{Rainy Day}2

139 13 4
                                    

မိုးစက်လေးတွေဟာတစ်စထက်တစ်စလျော့ပါးလာပြီးညအချိန်ကိုပိုတိုးလို့ရောက်လာခဲ့လေသည်။

"နီနီ"ပန်ရှင်းဝေကအသံတိုးတိုးလေးနဲ့ခေါ်လိုက်တယ်။သူ့အသံလေးကညလေအေးရဲ့တိုက်ခတ်မှုအောက်မှာညင်ညင်သာသာလေးရယ်။

"အမ်...အိုး...မင်းကငါ့အိမ်ကိုမေးနေတာပဲ"နီနီကပန်ရှင်းဝေကိုကြည့်နေရင်းပြောလေတယ်။သူ့ရင်ထဲမှာတော့စိတ်လှုပ်ရှားနေတာအမှန်ပါပဲ။

"ငါ့အိမ်ကဆေးရိုးတန်းမှာလေဟီးး"

ပြုံးပြုံးလေးလုပ်နေတဲ့နီနီ့ကိုပန်ရှင်းဝေစိတ်ထဲမှာအရမ်းကလိကလိဖြစ်နေပြီဖြစ်သည်။ပန်းရောင်(coral)ရောင်ဆံနွယ်စတွေကမထိတွေ့ကြည့်ရင်တောင်မြင်နေရရုံနဲ့ဘယ်လောက်နူးညံ့နေလိုက်မလဲဆိုတာသူအတပ်ပြောလို့ရသည်။နီနီကညာဘက်နားသယ်စပ်ကဆံနွယ်မရှည်မတိုလေးတွေကိုနားနောက်စုသိမ်းထားပြီးစတော်ဘယ်ရီဆံညှပ်လေးလည်းညှပ်ထားသေးသည်။
ယောကျားလေးတစ်ယောက်ကဆံညှပ်ပန်ထားလို့ထူးဆန်းပြီးထော်လော်ကန့်လန့်ဖြစ်နေမှာသေချာပေမဲ့နီနီကတော့ထိုနီရဲရဲစတော်ဘယ်ရီဆံညှပ်လေးနဲ့အရမ်းလိုက်တယ်လို့သူထင်သည်။

"ငါလာလည်လို့ရမလားဟင်"
ပန်ရှင်းဝေကရှက်ရွံ့နေသောပုံစံလေးနဲ့ပြောနေပေမယ့်သူ့စိတ်ထဲမှာတော့..

(ငါမင်းမိဘတွေဆီမှာမင်းကိုတောင်းရမ်းရလိမ့်မယ်ဟဲဟဲ)

နီနီကတော့သူ့ကိုမရဲတရဲကြည့်လိုက်အဝေးကိုပြန်ကြည့်လိုက်နဲ့တစ်ယောက်တည်းအလုပ်ရှုပ်နေတဲ့ကောင်လေးကိုနားမလည်လိုသလေးကြည့်နေမိသည်။

(ဒီကောင်လေးဘာတွေကိုရှက်နေတာလဲ၊ဒါကအိမ်လည်လိုက်ချင်ရုံပဲမဟုတ်ဘူးလား)

"ရတာပေါ့၊ငါတို့ကျောင်းတွေလည်းမကြာခင်တက်ရတော့မှာမလား၊မင်းနဲ့ငါနဲ့ကအတန်းဖော်တွေတောင်ဖြစ်နိုင်တယ်"

နီနီကတော့သဘောရိုးလေးနဲ့ပြောလိုက်ပေမယ့်ပန်ရှင်းဝေကတော့အတန်းဖော်ဘဝကိုကျော်လွန်ကာအိမ်ထောင်သည်ဘဝကိုပင်ကြိုတွေးနေလေသည်။

("ယောကျာ်းပြန်လာပြီလားး
အိမ်ကနေကြိုဆိုပါတယ်"

"အင်းကိုယ့်အတွက်ဘာဖျော်ပေးထားလဲနီနီ"

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Donde viven las historias. Descúbrelo ahora