🍓~10{Rainy Day}3

138 15 1
                                    

ပန်ရှင်းဝေစိတ်ပေါက်ပေါက်နဲ့ဒိုဒိုကိုပြန်လာခဲ့လေသည်။လမ်းတစ်လျှောက်မှာတွေ့ရတဲ့ကျောက်စရစ်ခဲအစအနလေးတွေကိုလည်းစိတ်မရှည်လက်မရှည်နဲ့ကန်ကျောက်ရင်းးသူ့နှုတ်ခမ်းလေးကလည်းအလိုမကျစွာဆူပုတ်နေသေးသည်။

"ဟေ့ကောင်ငါသူ့ကိုမရိုက်ခဲ့ဘူးး"

ကောင်လေးတစ်ယောက်၏အော်သံတစ်ခုကသူ့အနားတစ်ဝှိုက်မှာကြားလာရသဖြင့်ပန်ရှင်းဝေခြေလှမ်းတို့ကိုတုံ့ကနဲရပ်လိုက်ကာအသံကြားရာဆီသို့လျှောက်လှမ်းသွားလိုက်သည်။

"ကြောက်သေးပန်းမနေနဲ့။သူ့ကိုငယ်သွားနဲ့သွားအောင်မင်းထိုးလိုက်တာမလား"

ထို့နောက်စောနကကောင်လေးအသံနဲ့မတူခပ်အေးအေးအသံတစ်သံထပ်ကြားရသည်။တွေ့ပါပြီ။ဓာတ်တိုင်မီးရောင်အောက်မှာလူလေးယောက်။တစ်ယောက်ကဒူးထောက်နေပြီးမျက်နှာမှာလည်းဒဏ်ရာတစ်ချို့နဲ့ဖူးယောင်နေလေရဲ့။

ပန်ရှင်းဝေလည်းသစ်ပင်အကွယ်လေးကနေချောင်းကြည့်နေလိုက်တယ်။ညမှောင်နေတာဆိုတော့သူ့ကိုမြင်ကြမှာမဟုတ်ဘူး။

"ငါမလုပ်ဘူး၊ငါ..အွတ်!"

မတ်တပ်ရပ်နေတဲ့ကောင်လေးသုံးယောက်ထဲကအားကစားအင်းကျီဝမ်းဆက်နဲ့ကောင်လေးကဒူးထောက်နေတဲ့တစ်ယောက်ရဲ့ဗိုက်ကိုဆောင့်ကန်လိုက်ခြင်းကြောင့်ပန်ရှင်းဝေဘုရားတသွားရသည်။

"နားညီးတယ်ကွ!မင်းဖြေးဖြေးသာသာကန်လို့မရဘူးလား"

အားကစားဝတ်စုံနဲ့ကောင်လေးကိုဂျေဂျေဘောင်းဘီနဲ့ကောင်လေးကဟောက်လေသည်။ထိုကောင်လေးရဲ့ဆံပင်ကဂုတ်ထောက်ထိရှည်နေတာမို့ပန်ရှင်းဝေအစကမိန်းကလေးလို့ထင်လိုက်သော်လည်းအသံထွက်လာတော့မှယောကျာ်းလေးမှန်းသိရသည်။ထိုဆံပင်ဂုတ်ဝဲကောင်လေးကတီရှပ်လက်တိုခဲရောင်ပွပွနဲ့ဂျေဂျေ(jj)ဘောင်းဘီခရမ်းအနုရောင်ကြီးကိုဝတ်ထားသော်လည်းမျက်နှာကတော့တည်တင်းနေကာကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်နေပုံရသည်။နောက်တစ်ယောက်ကတော့ခုနစ်တန်းရှစ်တန်းအရွယ်ကလေးလေးဖြစ်ပြီးကြည့်ရတာဒူးထောက်နေတဲ့ကောင်လေးကအနိုင်ကျင့်လိုက်တဲ့ကောင်လေးဖြစ်ပုံရသည်။

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now