🍓~12{Cloud}

146 20 5
                                    

သာယာသောညနေခင်းအချိန်လေး၌ဝယ်....

ဒိုဒို၌....

"ရှမ်းပေဘုံ.."

"ရှမ်းပေဗုံ.."

"ရှမ်းမလေးတွေကောက်ရိုးပုံ..."

"ကျွဲတွေစားလို့ကုန်"

"နွားတွေစားလို့ကုန်"

"ခရမ်းချဥ်သီးအရည်ညှစ်."

"ဗျစ်!"

"စာကလေးအမွှေးနှုတ်"

"ဗြုတ်!"

"ပုဆိုးကြီးမီးလောင်"

"ဗြောင်!"

"ဂေါ်ဇီလာကြီး..သေးပန်း"

"ဗြန်းးဗြန်းးဗြန်းးးးး!"

ဒုတိယထပ်ပြတင်းပေါက်ကျယ်နားမှာအမြွှာနှစ်ယောက်ထိုင်ဆော့နေခြင်းပင်ဖြစ်သည်။ပြတင်းပေါက်နားမှာနှစ်ယောက်သားမျက်နှာချင်းဆိုင်တင်ပုလင်ခွေထိုင်ပြီးရယ်မောကာတစ်ယောက်မျက်နှာတစ်ယောက်လက်နဲ့လိုက်ပုတ်နေလေသည်။

ဝါဖျော့ဖျော့ဆံနွယ်လေးတွေဟာလေအဝှေ့မှာတလွင့်လွင့်နဲ့အမြွှာလေးတွေရဲ့ရယ်သံလေးတွေဟာအနားတစ်ဝှိုက်မှာပျံ့လွင့်လို့နေလေတယ်။

"အားယီယား..သူငယ်ပြန်နေတာလားဝေ့"

နှစ်ယောက်ကအသံလာရာကိုလှည့်ကြည့်ကာအရယ်မရပ်သေး။

သူတို့တွေ့လိုက်ရတာကတော့စွတ်ကျယ်ချိုင်းပြတ်အဖြူလေးနဲ့အိတ်ကပ်နှစ်ဖက်ပါတဲ့ယိုးဒယားချည်သားဘောင်းဘီအပျော့အညိုရင့်ရင့်ကိုဝတ်ထားပြီးသူတို့အားခါးထောက်ကြည့်နေတဲ့ဇူးဇူး။

ချစ်ရတဲ့သူငယ်ချင်းအားသူတို့နှစ်ယောက်ဝိုင်းဖက်လိုက်တော့"အရူးလေးတွေ"လို့ထိုကောင်လေးကသူတို့အားပြန်ပြောလေသည်။

"ဘာကိုအရူးလဲဟွန့်"

ဝေမိုးကနှုတ်ခမ်းလေးတွန့်ကာနှာမှုတ်ပြီးပြောတော့ဇူးဇူးကပြီတီတီမျက်နှာဘေးလေးနဲ့..

"အာ့ဆိုဂေါက်သီးလေးတွေ၊အမြွှာဂေါက်သီးလေးဟားဟားး"

"ဇူးဇူးးး"

အမြွှာလေးနှစ်ယောက်ကပြိုင်တူအော်ကာဇူးဇူးလက်မောင်းအားထုရိုက်တော့လေသည်။

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now