🍓~4(NiNi's Home)

276 35 20
                                    

နွေးထွေးကာတောက်ပတဲ့နေရောင်ခြည်နုနုတွေဟာဒိုဒိုရဲ့မနက်ခင်းလေးကိုအေးချမ်းစေသည်။

ချစ်စရာကောင်းတဲ့သုံးထပ်တိုက်လေးရဲ့ဒုတိယအထပ်လေးမှာချိတ်ဆွဲထားတဲ့ကတ်ထူကဒ်ပြားလေးပေါ်ကချစ်စရာကောင်းတဲ့အပန်းနဲ့အဝါစပ်ရေးထားတဲ့ဒိုဒိုဆိုတဲ့စကားလုံးလေးဟာမနက်ခင်းရဲ့နေရောင်အောက်မှာတလက်လက်နဲ့တောက်ပနေလေသည်။

"ဝူးးကောင်းလိုက်တဲ့မနက်ခင်းလေး"

အညိုရောင်ဆံပင်ပွပွလေးတွေနဲ့ဇူးဇူးဟာဒိုဒိုအဆောင်အရှေ့မှာအပျင်းဆန့်ရင်းနဲ့ပြောသည်။

တကယ်တော့မနက်6:00သာရှိသေးသည်။ဇူးဇူးတစ်ယောက်သာစောစောအိပ်စောစောထပြီးလန်းဆန်းတက်ကြွနေလေသည်။

မနက်မိုးလင်းတာနဲ့ဇူးဇူးတို့အိပ်ယာထမျက်နှာသစ်၊သွားတိုက်ပြီးမုန့်စားဖို့အောက်ဆင်းလာလေသည်။

သူ့ရဲ့ဝတ်နေကျစတိုင်အတိုင်းစွတ်ကျယ်လက်ပြတ်အဖြူရှည်ရှည်ကိုဝတ်ထားပြီးယိုးဒယားချည်ထည်အပွဘောင်းဘီအညိုဒူးကျလေးနဲ့ဖြစ်သည်။

ဘေးနှစ်ဖက်မှာအိတ်ကပ်ပါတဲ့ယိုးဒယားချည်ထည်ဘောင်းဘီဟာ
ကလေးဆန်နေသော်လည်းဇူးဇူးနဲ့လိုက်သည်။

အသားဖြူဖြူပိန်ပိန်အရပ်ရှည်ရှည်လေးနဲ့ဇူးဇူးကထိုကဲ့သို့မျိုးဝတ်ထားသော်လည်းကြည့်ကောင်းနေလေရဲ့။

"မုန့်ဟင်းခါးဝယ်ရမလား၊ဂျုံသုတ်ဝယ်ရမလားး"

လက်ထဲမှာကိုင်ထားတဲ့တစ်ထောင်တန်အရွက်တစ်ချို့ကိုလက်လေးနှစ်ဖက်နဲ့အားရပါးရရေနေပြီးမနက်စာဘာဝယ်ရမလဲစဥ်းစားနေတဲ့ဇူးဇူးရယ်ပါ။

"ဟုတ်ပြီ!မုန့်ဟင်းခါးဝယ်ရမယ်"

ထို့နောက်ဇူးဇူးဟာဘောင်းဘီအိပ်ကပ်ထဲ့ပိုက်ဆံတွေထိုးထည့်ပြီးသူ့လက်လေးနှစ်ဖက်ကိုပါထည့်ကာကွတကွတနဲ့မုန့်ဝယ်ရန်ထွက်လာခဲ့သည်။

(A/N)-ကွတကွတဆိုတာဇူးဇူးရဲ့ပုံမှန်လမ်းလျှောက်တတ်တဲ့အကျင့်ပါနော်၊တစ်မျိုးတွေထင်နေမှာစိုးလို့😗

🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓

မနက်ပိုင်းစောစောမထတတ်သော်လည်းစောစောစီးစီးဇူးဇူးရဲ့"မနက်စာဘာစားမှာလဲပန်ရှင်းဝေ"ဆိုတဲ့တံခါးခေါက်ပြီးနှိုးသွားမှုကြောင့်ပန်ရှင်းဝေတစ်ယောက်ဆက်အိပ်လို့မရတော့၍အောက်ထပ်ကိုသာဆင်းလာခဲ့ရသည်။

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Onde histórias criam vida. Descubra agora