🍓~1

3K 107 8
                                    

"Hello..​မေမေ..သားအခုလေးတင်ရောက်တာ..ဟုတ်..သားအဆောင်ကိုရောက်တော့မှထပ်ဆက်လိုက်မယ်လေအခုtexiငှားရမှာမို့လို့"

"တီ!"[ဖုန်းခလုတ်နှိပ်သံ]

keypadဖုန်းလေးကိုသူ့အင်းကျီအိပ်ကပ်ထဲပြန်ထည့်ကာသူ ကားဂိတ်ကနေထွက်လာခဲ့သည်။

သူ့အထုပ်အပိုးတွေကအရမ်းများတာမို့လို့မနိုင်မနင်းနဲ့ပဲလမ်းလျှောက်နေရသည်။

ထို့နောက်သူဟာစျေးအသင့်အတင့်နဲ့ပဲtexiငှားလို့ရခဲ့ပြီးသူနေထိုင်ရမယ့်အဆောင်ကိုသွားနေသည်။လမ်းတစ်လျှောက်မှာတွေ့ရတဲ့ရှု့ခင်း
တွေကိုလည်းသူဟာဘလင်းဘလင်းထနေတဲ့မျက်လုံးလေးတွေနဲ့လိုက်လံကြည့်ရှူ့နေလေသည်။

သူစီးလာတဲ့ကားကသူနေရမဲ့ရက်ကွက်လေးထဲဝင်လာတာနဲ့အတူရှု့ခင်းတွေကပိုပြီးလှလာသည်။တိတ်ဆိတ်ငြိမ်သက်မှုလေးကြောင့်ရက်ကွက်လေးကအရမ်းအေးချမ်းပါသည်။

နောက်ဆုံးတော့သူနေရမယ့်အဆောင်ကိုရောက်လာလေသည်။သူအဆောင်ရှေ့မှာရပ်လိုက်ပြီးအထုပ်အပိုးတေကိုtexiပေါ်ကချလိုက်သည်။ထို့နောက်သူအဆောင်ရှေ့ကိုမျက်နှာချင်းဆိုင်လိုက်သည်။

·ဒိုဒိုအဆောင်·

(ဒါကြီးကငါနေရမဲ့အဆောင်ကြီးလား)

သူမင်သက်စွာစိတ်ထဲမှာရေရွတ်လိုက်သည်။

သုံးထပ်တိုက်ရဲ့ဒုတိယအထပ်မှာ
'ဒိုဒိုအဆောင်'ဆိုတဲ့ဆိုင်းဘုတ်လေးကိုချိတ်ဆွဲထားသည်။စကားလုံးကို
ပန်းရောင်နဲ့အဝါရောင်စပ်ပြီးရေးထားတာကြီးကတော်တော်လေးကြောင်တောင်တောင်နိုင်ပေမဲ့လည်းသူ့ဒီဇိုင်းနဲ့သူပဲဖြစ်မှာပေါ့လေ။

သူအဆောင်ထဲကိုမဝင်သေးပဲဘေးကပတ်ဝန်းကျင်ကိုတစ်ချက်လောက်စမ်းစစ်ကြည့်လိုက်သည်။

အဆောင်ရဲ့ဘေးအနီးနားလောက်မှာရေခဲမုန့်ဆိုင်တစ်ခုရှိသည်။အဲ့ရေခဲမုန့်ဆိုင်ကအပြာနုရောင်ဆေးတွေသုတ်ထားသည်။ဆိုင်ရှေ့ကအမိုးလေးကအဝါနဲ့အဖြူစင်းကျားဖြစ်သည်။

သူ့မျက်လုံးထဲမှာအဲ့ရေခဲမုန့်ဆိုင်ကကလေးမူကြိုကျောင်းနဲ့ပင်တူနေသည်။
ဆိုင်ရဲ့မှန်တွေမှာကပ်ထားတာကသကြားလုံး၊Lollipop၊ကြယ်ငါးစတဲ့ကပ်ခွာလေးတွေစုံလို့။

 🍓စတော်ဘယ်ရီဆံညှပ်နဲ့ကောင်လေး🍓Where stories live. Discover now